Wednesday, January 20, 2021




▪️အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ မိမိတို့ Hard Disk တွေ၊ USB Device တွေမှာ Format ချမိတဲ့ Data တွေကို  ဘယ်လိုပြန်ရှာရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတလ်.... 
▪️ဒီတစ်ခေါက်မှာတော့ EaseUS Data Recovery Software နဲ့ရှာပုံရှာနည်းလေးကို အဆင့်ဆင့် ရှင်းပြထားပေးပါတလ်။
▪️EaseUS Data Recovery နဲ့ Format ချမိတဲ့ Data တွေကို ပြန်ရှာဖို့အတွက် 
1️⃣ Choose the drive to scan
2️⃣ Preview 
3️⃣ Recover Data ဆိုပီး အဆင့် (၃) ဆင့် ရှိပါတလ်။
Recover လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓
✅ ကိုယ့် Data Size ပေါ်မူတည်ပီးတော့ Backup ပြန်လုပ်မယ့် Drive တစ်ခုလိုအပ်ပါမလ်။ 
(ဥပမာ- ကိုယ်ပြန်ယူရမယ့် Data တွေက 300GB လောက်ရှိတလ်ဆိုရင် Recover ပြန်လုပ်မယ့် Drive က အဲ့ဒါထက် ပိုများမှပဲ ရပါမလ်)
✅ EaseUs Data Recovery Software ကို Download ဆွဲထားဖို့ လိုပါမလ်။ 
Dwonload Link ကို အောက်မှာ ဖော်ပြပေးထားပါတလ်....
http://www.mediafire.com/.../EaseUS.Data.Recovery.../file
✅ နောက်တစ်ခုကတော့ ကွန်ပျူတာတစ်လုံးလိုပါမလ်.. 
⚠️ ကိုယ် Recover Process လုပ်နေတုန်းမှာ တစ်ခြား Software/ Application တွေ မသုံးတာ အကောင်းဆုံးပါပဲ.. 
(လုံးဝ သုံးလို့ မရဘူးတော့ မဟုတ်ပါဘူး)
ကဲ... ဒါဆိုရင် စလိုက်ကြရအောင်..

𝐒𝐭𝐞𝐩 𝟏 - 𝐂𝐡𝐨𝐨𝐬𝐞 𝐭𝐡𝐞 𝐩𝐚𝐫𝐭𝐢𝐭𝐢𝐨𝐧
•••••••••••••••••••••••••••••••••••••••••
EaseUs Data Recovery Software ကို Install လုပ်ပီး ဖွင့်လိုက်တဲ့အခါ ပုံမှာ တွေ့ရတဲ့အတိုင်း Partition တွေကို မြင်ရမှာပဲ ဖြစ်ပါတလ်... ကိုယ်စစ်ချင်တဲ့ Partition ကို Select မှတ်ပီးတော့ Scan ဆိုတာကို နှိပ်လိုက်ပါ။
𝐒𝐭𝐞𝐩 𝟐 - 𝐒𝐞𝐥𝐞𝐜𝐭 𝐰𝐚𝐧𝐭𝐞𝐝 𝐟𝐢𝐥𝐞𝐬
••••••••••••••••••••••••••••••••••••••
Scan စစ်တာပီးသွားပီးဆိုရင်တော့ ဘယ်ဖက်ကနေရာမှာ Lost File, Delete File ဆိုတာတွေကို တွေ့ရမှာပါ။ အဲ့ဒီထဲမှာ ကိုယ်ရှာချင်တဲ့ File တွေကို တစ်ခုချင်းဆီ လိုက်နှိပ်ရှာလို့ ရသလို အပေါ်နားက Filter Tab လေးကို နှိပ်ပီးတော့လည်း File Type သီးသန့်ရှာလို့ရပါတယ် ။

𝐒𝐭𝐞𝐩 𝟑 - 𝐑𝐞𝐜𝐨𝐯𝐞𝐫 𝐟𝐢𝐥𝐞𝐬 𝐭𝐨 𝐚 𝐬𝐞𝐜𝐮𝐫𝐞 𝐥𝐨𝐜𝐚𝐭𝐢𝐨𝐧
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ရဲ့ Data တွေ တွေ့ပီးဆိုရင်တော့ Select မှတ်ပီး Recover ဆိုတာကို နှိပ်လိုက်ပါမလ်။ ပီးတော့ ကိုယ်သိမ်းချင်တဲ့နေရာ ကို ရွေးပေးလိုက်ရင် ပီးပါပီ။
(အကောင်းဆုံးက နောက်ထပ် Drive တစ်ခုမှာ Recover လုပ်လို့ရတဲ့ Files တွေကို သိမ်းတာ အကောင်းဆုံးပါပဲ)
ဒီအဆင့်တွေပီးသွားပီဆိုရင်တော့ ကိုယ့် Files တွေ အားလုံး ပြန်ရလာမှာ ဖြစ်ပါတယ်...

Credt....