Wednesday, February 9, 2022

Eight Parts of Speech - ဝါစင်္ဂ(၈)မျိုး

အင်္ဂလိပ်စာ လေ့လာမယ်ဆိုရင် Eight part of speech - မြန်မာလို ဝါစင်္ဂ(၈)မျိုး ကို အခြေခံကနေစပီး လေ့လာရပါမယ် .... 
ဥပမာ စာကြောင်း တစ်ခု ပြောပြပါ့မယ်

အင်း မိသားစုနဲ့ ကျတော် နှစ်တိုင်း ထိုင်းနိုင်ငံကို သွားပီး လှတဲ့နေရာတွေကို လည်ချင်မိတယ်

Ah! I wish my family and I could go to Thailand and visit beautiful places every year.

Ah! - interjection

family, Thailand , places- noun

and  - conjunction

I,my- pronoun

wish , go , visit - verb

to - preposition

beautiful - adjective

every year - adverb


english စာကြောင်းမှာ eight parts of speech ဟာ (၈)မျိုးလုံးမဟုတ်တောင် အနည်းဆုံး ၂ နဲ့ တည်ဆောက်ထားပါတယ်.. ဘာတွေလဲ အတူတူလေ့လာကြမယ်နော်...


Eight parts of Speech ဝါစင်္ဂ(၈)မျိုး

(1) Noun နာမ်
(2) Pronoun နာမ်စား
(3) Adjective နာမဝိသသေန
(4) Verb ကြိယာ
(5) Adverb ကြိယာဝိသေသန
(6) Preposition ဝိဘက်/ညွန်ပြ
(7) Conjunction စကားစပ်
(8) Interjection အာမေဋိတ်


(1) Noun(N) - နာမ်
- အမည်မှည့်ခံရသော ၊ နာမည်ပေးလို့ရတာသော စကားလုံးများ ၊ 
ဥပမာ - men , dog , house

(2) Pronoun(pron) - နာမ်စား
- (Noun)နာမ်စကားလုံးများရဲ့ အစားသုံးရသော စကားလုံးများ
ဥပမာ - I , we , You, You ,He , She , It ,They


(3) Adjective (Adj) - နာမဝိသေသန {သော}နဲ့ဆုံးသောစကားလုံး
-Noun ကို information ပေးတဲ့စကားလုံးတွေ 
ဥပမာ - good , bad, happy


(4) Verb (V) ကြိယာ {သည်} နဲ့ဆုံးသောစကားလုံး
-  လုပ်ဆောင်မှု့ ၊ ဖြစ်တည်မှု့ ၊ တခုခုဖြစ်နေမှု့ကိုပြတဲ့စကားလုံးများ ၊ {သည်} နဲ့ဆုံးသောစကားလုံး ပြုမှုလုပ်ရှားသော ပုဒ်ကို (Verb ) ကြိယာပုဒ် ဖြစ်ပါသည်။

{သည်} နဲ့အဆုံးသတ်သောစကားလုံးမှန်သမျှကို (Verb) ကြိယာပုဒ် တွေပါပဲ။

ဥပမာ - go , come ,eat

(5) Adverb (Adv) - ကြိယာဝိသေသန (အများစုအားဖြင့်{စွာ ၊ နှစ်လုံးထပ်} ) နှင့်ဆုံးသောစကားလုံး 
- verb , adj , advအချင်းချင်း တွေကို အထူးပြုတဲ့ စကားလုံးများ ၊ -(Verb) ပုဒ် များကို အထူးပြုပြီး အထောက်အပံ့ပေးကာ ကွဲပြားအောင် ပြုလုပ်ပေးသောပုဒ်သည် (Adverb) ကြိယာဝိသေသနပုဒ် ဖြစ်ပါသည်။
ဥပမာ - slowly , quickly , here,  there

(go)ဆိုတဲ့(Verb-ကြိယာ)ဆိုရင် မကွဲပြားသေးဘူး။ (သွားတယ်။) သွားမှန်းတော့ သိပါတယ်။ ဒါပေမဲ့ (ဘယ်လိုသွားနေမှန်းမသိရပါ။)အဲဒီ (သွားတယ်)ဆိုတာ (ဖြည်းဖြည်းသွားသလား)(မြန်မြန်သွားသလား)(ပုံမှန်သွားသလား)ဆိုတာမသိနိုင်သေးပါ။အဲဒီ (သွားတယ်) ဆိုတာ(ဘယ်လိုသွားနေမှန်း) သိလာနိုင် အောင်ကွဲပြားလာနိုင်အောင်(Adverb)ကဆောင်ရွှက်ပေးတာပါ။ နာမူနာ - (go ) နဲ့ (go slowly ) နဲ့ မတူနိုင်သလို (go slowly) နဲ့ (go quickly)ဟာလည်း အဓိပ္ပါယ်ခြင်း မတူပါ။ အဲဒါတွေကို ကွဲပြားအောင် (Adverb) က ဆောင်ရွှက်ပေးတာပါ။


(6) Preposition (Prep) - ဝိဘက်/ညွန်ပြ
- နာမ်ရဲ့ တည်နေရာကို ညွှန်ပြပေးသော စကားလုံးများ ၊(Noun)ပုဒ်များနှင့်(Pronoun)ပုဒ်များတည်ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ်ပါ။ (သို့မဟုတ်) (Preposition) ဆိုတာက(Subject)ပုဒ်များတည်ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ်ပါ။

ဥပမာ - in , on , under , up , to , out , away , at

ဥပမာ -(I am at home. ငါအိမ်မှာရှိတယ်။) ဒီဝါကျမှာ (Subject)ပုဒ်ဖြစ်တဲ့(I)ရဲ့တည်ရှိရာကို(home)စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။ပြီးတော့(I)ရဲ့တည်ရှိရာကို(am) စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။(I)ရဲ့တည်ရှိရာကို(ညွန်ပြ)ပေးနိုင်တဲ့စကားလုံးက(at)ဆိုတဲ့စကားလုံးပဲရှိတယ်။ ဒီ(at)စကားလုံးက(Preposition)စကားလုံးပဲဖြစ်ပါတယ်။ 


(7) Conjunction (Conj) -စကားစပ်
- ဝါကျနှင့် စကားလုံးများ တစ်ခုနှင့်တစ်ခု ပေါင်းဆက်ပေးသော စကားလုံးများ ၊ ဝါကျတစ်ကြောင်းနှင့်တစ်ကြောင်း ပေါင်းစပ်လာအောင် ပြုလုပ်ဆောင်ရွှက်ပေးသောပုဒ်သည် (Conjunction)  စကားဆက်ပုဒ်ဟုခေါ်ပါသည်။
ဥပမာ -  why.ဘာကြောင့်လဲ။  where. ဘယ်မှာလဲ။  When.ဘယ်အချိန်လဲ။သောအခါ  How. ဘယ်လိုလဲ။what.ဘာလဲ။  who.ဘယ်သူလဲ။ but. ဒါပေမဲ့ so. ဒါကြောင့် and. ပြီးတော့၊နှင့်

ဥပမာ = (I go. ငါသွားတယ်။)ဆိုတာ (ဝါကျ)တစ်ကြောင်းပါ။ (I come back. ငါပြန်လာတယ်။)ဆိုတာ (ဝါကျ)တစ်ကြောင်းပါ။ သူတို့နှစ်ကြောင်းဟာ တစ်ကြောင်းနဲ့တစ်ကြောင်း မပေါင်းစပ်သေးပါဘူး။ ဒီ (I go.ငါသွားတယ်။) နဲ့ (I come back. ငါပြန်လာတယ်။) ဆိုတဲ့ (ဝါကျ)နှစ်ကြောင်းကိုတစ်ကြောင်းတည်းဖြစ်သွားအောင်ပြုလုပ်ဖို့အတွက် (Conjunction)(စကားဆက်)ပုဒ်လိုပါတယ်။သူတို့နှစ်ကြောင်းကို (and) (ပြီးတော့) ဆိုတဲ့ (စကားစပ်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်မယ်။ ( I go and I come back.ငါသွားတယ် ပြီးတော့ ငါပြန်လာတယ်။) သူတို့နှစ်ကြောာင်းကို (and) (ပြီးတော့) ဆိုတဲ့ (စကားစပ်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်တဲ့အခါမှာ (ဝါကျ) တစ်ကြောင်းထဲဖြစ်သွားပါပြီ။

I go so I arrive there. ငါသွားတယ် ဒါကြောင့် ငါအဲဒီကိုရောက်ရှိတယ်။

I go but I don't arrive there. ငါသွားတယ် ဒါပေမဲ့ ငါအဲဒီကိုရောက်ဘူး။


(8) Interjection(Inter) { ! } - အာမေဋိတ်
- ရုတ်တရက်(တ) သော အသံ ပါတဲ့ စကားလုံးများ ၊ တုံလှုပ်စေခြင်း အစရှိသည်ဖြင့် ဆောင်ရွှက်ပေးသောပုဒ်သည် (Interjection)အာမေဍိတ် ဟု ခေါ်ပါသည်။
-Interjection)(အာမေဍိတ်)ဆိုတာက မိမိ(တ)တဲ့အသံပေါ်မှာပဲမူတည်တာပါ။လူတစ်ဦးနဲ့တစ်ဦးဟာ (တ)တာချင်း မတူပါ။ ဥပမာ = မိမိက လမ်းလျှောက်သွားနေစဉ် ရုတ်တရက် မထင်မှတ်ပဲ ခလုတ်တိုက်မိသွားတယ်ဆိုရင်၊ ဘယ်လို(တ)တတ်ကြသလဲ။ တစ်ချို့က (ဘုရားရေ)လို့(တ)ကြတယ်။ တစ်ချို့က (အမလေး)လို့(တ) ကြတယ်။ တစ်ချို့က (အမေရေ)လို့(တ) ကြတယ်။ တစ်ချို့က (ကယ်ပါဦး)လို့(တ)ကြတယ်။ တစ်ချို့က (ဘုရား။ ဘုရား။)လို့(တ) ကြတယ်။ တစ်ချို့က (အ)လို့(တ)ကြတယ်။ တစ်ချို့က (နာလိုက်တာ)လို့(တ)ကြတယ်။ အဲဒီတော့ မိမိ(တ)တဲ့အသံဟာ (Interjection) (အာမေဍိတ်) အသံပါပဲ။ ဒီ (Interjection) အာမေဋိတ် ဆိုတဲ့ စကား ကို စာအဖြစ်ဖြင့် ရေးလိုက်တိုင်းမှာ ဒီ { ! } (Exclamation) (အဲက်စ်လန်မေးရှင်း) (အိုင်မောက်ခုန်) ဆိုတဲ့ အမှတ်သား(သင်္ဂေတ)လေးနဲ့ အမြဲထည့်ရေးပြပေးရတယ်နော်။

ဥပမာ - haha! Oh! Yeah! Great!

အခုကတော့ ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

No comments:

Post a Comment

Thank Q your comment.