Showing posts with label buddhist. Show all posts
Showing posts with label buddhist. Show all posts

Thursday, July 8, 2021

မေတ္တသုတ်ပါဋ္ဌိ အဓိပ္ပာယ်

၁။ ယဿနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ 
    ယမှိ စေဝါ နုယုဉ္စန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။ 
၁။ တစ္ဆေသူရဲ ဘီလူးများမခြောက်ဝံ့အောင် 
စွမ်းအားထက်လှသော မေတ္တသုတ်ပရိတ်တော်ကို  နေ့ရော ညဉ့်ပါရွတ်ဆိုခြင်းဖြင့် - 
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံကိဉ္စိ န ပဿတိ။ 
    ဧဝမာဒိဂုဏုပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။ 
၂။ ၁ - ချမ်းသာစွာအိပ်ရခြင်း ၊ 
    ၂ - အိမ်မက်ဆိုးများမမက်ရခြင်း စသော အကျိုးများရရှိနိုင်ပါသည်။ အိုသူတော်ကောင်းအပေါင်းတို့ အထက်ပါ ကျေးဇူးဂုဏ်နှင့်ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကိုရွတ်ဆိုကြပါကုန်စို့။ 
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ 
    သက္ကော ဥဇု စ သုဟုဇူစ၊ သုဝစော စဿ မုဒု အနတိမာနိ။ 
၃။ လောကီလောကုတ္တရာနှစ်ဖြာ အကျိုးစီးပွား၌ တတ်သိလိမ္မာပညာရှိသူတော်ကောင်းများသည် မေတ္တာမပွားမီ  အောက်ပါသူတော်ကောင်းကျင့်စဉ်များကို လိုက်နာကျင့်သုံးရပေမည်။ 
၁ - ကုသိုလ်ကောင်းမှုပြုလုပ်ရန် စွမ်းဆောင်နိုင်သူဖြစ်ရမည် ၊ 
၂ - ကိုယ်စိတ်နှစ်ပါးရိုးသားဖြောင့်မှန်သူ ဖြစ်ရမည် ၊ 
၃ - စိတ်သဘောထား အထူးဖြောင့်မှန်သူဖြစ်ရမည် ၊ 
၄ - မှန်ကန်သော စကားရှိသူဖြစ်ရမည် ၊ 
၅ - စိတ်နှလုံး နူးညံ့သိမ်မွေ့သူ ဖြစ်ရမည် ၊ 
၆ - မာန်ကင်းသူ ဖြစ်ရမည်။ 
၄။ သန္တုဿကော စ သုဘရော စ၊ 
    အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ 
   သန္တိန္ဒြိယော စ နိပကောစ၊ 
   အပ္ပဂဗ္ဘော ကုလေသွ၊ နနုဝိဒ္ဓေါ။ 
၄။ ၇ - ရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သူဖြစ်ရမည် ၊ 
     ၈ - အစားအစာ ထွေရာမများသူ ဖြစ်ရမည်၊ 
     ၉ - အလုပ်ကိစ္စနည်းသူ ဖြစ်ရမည်၊ 
   ၁၀ - အသက်မွေးလွယ်ကူသူ ဖြစ်ရမည်၊ 
   ၁၁ - က္ကန္ဒြေသိက္ခာရှိသူ ဖြစ်ရမည်၊ 
   ၁၂ - ရင့်ကျက်သော အသိပညာနှင့် ပြည့်စုံသူ ဖြစ်ရမည်၊ 
   ၁၃ - မကြမ်းတမ်း မခက်ထန်သူ ဖြစ်ရမည်၊ 
   ၁၄ - ဆွေမျိုး ( ဒကာ - ဒကာမ )များ၌ မတွယ်တာသူဖြစ်ရမည်။ 
၅။ န စ ခုဒ္ဒ၊ မာစရေ ကိဉ္စိ၊ 
    ယေန ဝိညူပရေ ဥပဝဒေယျုံ။ 
    သုခိနော ဝ ခေမိနော ဟောန္တု၊ 
    သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 
၅။ ၁၅ - အကျင့်ယုတ်ကိုလွှင့်ထုတ်သူဖြစ်ရမည်။ အထက်ပါကျင့်ဝတ် ၁၅ ပါးနှင့် 
    ပြည့်စုံပြီးနောက် မေတ္တာပွားရမည်။ 
 ၆။ ယေ ကေစိ ပါဏဘူတ္တိ၊ 
     တသာဝါ ထာဝရာဝ၊ နဝသေသာ။ 
     ဒီဃာ ဝါယေဝ မဟန္တာ၊ 
     မဇ္ဈိမာ ရဿကာ အနုကထူလာ။ 
၆။ ၁ - အားလုံးသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၂ - သက်ရှိသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၃ - ကြောက်တတ်သတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၄ - တည်ငြိမ်သတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
   ၅ - ကိုယ်ရှည်ခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၆ - ကိုယ်တိုခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၇ - မရှည်မတို ကိုယ်ရှိခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၈ - ကိုယ်ကြီးခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၉ - ကိုယ်သေးခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
 ၁၀ - မကြီးမငယ် အလယ်ခန္ဓာ သတ္တဝါချမ်းသာကြပါစေ၊ 
 ၁၁ - ဝသောခန္ဓာသတ္တဝါ ချမ်းသာကြပါစေ၊ 
 ၁၂ - ပိန်ကြုံခန္ဓာသတ္တဝါ ချမ်းသာကြပါစေ၊ 
 ၁၃ - မပိန်မဝ ရကြခန္ဓာသတ္တဝါ ချမ်းသာကြပါစေ။
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ 
    ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ 
    ဘူတာဝ သမ္ဘဝေသီဝ၊ 
    သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 
၇။ ၁၄ - မြင်ရသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၁၅ - မမြင်ရပါ သတ္တဝါ ချမ်းသာကြပါစေ၊ 
    ၁၆ - ရပ်ဝေးနေရှာ သတ္တဝါ ချမ်းသာကြပါစေ၊ 
    ၁၇ - ရပ်နီးနေပါ သတ္တဝါ ချမ်းသာကြပါစေ၊ 
    ၁၈ - ဖြစ်ပြီးသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၁၉ - ဖြစ်ဆဲသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၂၀ - သတ္တဝါချင်းချင်း မေတ္တာနှင်း၍ စိတ်ရင်းမလှန် မျက်မပြန်သည်းခံနိုင်ပါစေ၊ 
    ၂၁ - သတ္တဝါချင်းချင်း မညှဉ်းဆဲပဲ အမြဲဂရု အလေးပြု ကျိုးစုဆောင်ပါစေ။ 
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ 
    နာတိမညေထ ကတ္ထစိ န ကိဉ္စိ။ 
   ဗျာရောသနာ ပဋိဃသည၊ 
   နာညမညဿ ဒုက္ခ မိစ္ဆေယျ။ 
၈။ ၂၂ - သတ္တဝါအချင်းချင်း ရန်ငြိုးကင်း ချစ်ခြင်းမေတ္တာရှိပါစေ၊ 
    ၂၃ - သတ္တဝါ အချင်းချင်း လေးစားရင်း မြဲတင်းရှိပါစေ၊ 
    ၂၄ - သတ္တဝါအချင်းချင်း မေတ္တာနှင်း၍ ဆင်းရဲဒုက္ခ မပေးကြ သုခဆောင်ပါစေ၊ 
    ၂၅ - အများသတ္တဝါ ချင်းချင်းသာ မေတ္တာပွားနိုင်ပါစေ၊ 
၉။ မာတာ ယထာ နိယံ ပုတ္တ၊ 
    မာယုသာ ဧကပုတ္တ မနုရက္ခေ။
    ဧဝမ္ပိ သဗ္ဗ ဘူတေသု၊ 
    မာနသံ ဘာဝယေ အပရိမာဏံ။ 
၉။ တစ်ယောက်သားရှင် သူ့မိခင်က ချစ်ကျင်သူ့သား မေတ္တာထားသို့ အများသတ္တဝါ စူးစိုက်ခါဖြင့်
   မေတ္တာရည်မျှို့ပို့ပါဘိလော။ 
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ ံ ၊ 
   မာနသံ ဘာဝယေ အပရိမာဏံ။
   ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ 
   အသမ္ဗာဓံ အဝေရ မသပတ္တံ။ 
၁၀။ တလောကလုံး မေတ္တာဖုံးအောင် ကျယ်ကျယ်ပြန့်ပြန့် မေတ္တာပို့ပါ။ အောက်ထက်ဖီလာ မျက်နှာအားလုံး ပြန့်နှံ့အောင် ရန်သူမိတ်ဆွေ နှစ်ထွေခွဲခြား မထားပဲ မေတ္တာပို့ပါ။ 
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
   သယောနော ယာဝတာဿ ဝိတမိဒေါ္ဓ၊
   ဧတံ သတိ ံ အဓိဋ္ဌေယျ၊ 
ဗြဟ္မမေတံ ဝိဟာရမိဓ မာဟု။ 
၁၁။ မေတ္တာပို့ရန် အချိန်အခါမှာ အထူးကန့်သတ်ချက်မရှိပါ။ အိပ်ပျော်ချိန်မှတစ်ပါး ကျန်သောအချိန်များသည်  
မေတ္တာပို့ချိန်ဖြစ်ပါသည်။ တကယ်တမ်း မေတ္တာပို့နေသော သူတော်ကောင်းကို ဗြဟ္မဝိဟာရ 
 မြင့်မြတ်စွာနေထိုင်သူ ဟု ဘုရားမြတ်စွာချီးကျူးတော်မူပါသည်။ 
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ 
သီလဝါ ဒဿနေန သမ္ပန္နော။ 
ကာမေသု ဝိနယဂေဓံ၊ 
နဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုနရေတိ။ 
၁၂။ တကယ်တမ်း မေတ္တာပို့နေသူသည် ကလျာဏ ပုထုဇဉ်ကနေ စူဋ္ဌသောတာပန်၊ မဟာသောတာပန်၊ 
သက္ကဒါဂါမ် ၊ အနာဂါမ်အထိ ဖြစ်နိုင်ပါသည်။ 
မေတ္တသုတ် မြန်မာပြန်ပြီး၏။

Saturday, December 7, 2019

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သော
ဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။
(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။
ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။
(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။
ခရစ်ဒစ်

တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားအစွမ်း ထက်မြတ်သော သိကြားမင်း ဂါထာတော်

ဝေဒါသာကု၊ ကုသာဒါဝေ ဒါယသာတ၊ တသာယဒါ၊ သာသာဓိကု၊ ကုဓိသာသာ ကုတကုဘု၊ ဘုကုတကု


ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည်၊ ဒါ = ဝေးစွာသော အရပ်သို့၊ သာ = လျင်စွာ၊ ကု = ပြေးကုန်သတည်း။
ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည်၊ သာ = မိမိအလိုလို၊ ဒါ = အကြံအစည် ပျက်သောအားဖြင့်၊ ဝေ = ပျောက်စေကုန်သတည်း။
ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့်၊ ယသာ=အခြံအရံ အကျော်အမော်တို့သည်၊ တ = ပွါးများ စေကုန်သတည်း။
တသာ=ငါပြုမိသော အကုသိုလ် ၁ဝပါးတို့သည်၊ ယ = ငါပြုမိသော ကုသိုလ် ၁ဝပါး၏ တန်ခိုးတော်တို့ကြောင့်၊ ဒါ =ပြေပျောက်စေကုန်သတည်း။
သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင်၊ ကု = အောင်မြင်စေသတည်း။
ကု = ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့် ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည် သာ = ဖြစ်ပါစေသတည်း။
ကု = ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော တ = သူတော်ကောင်းတို့နှင့်သာလျှင် ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ ဘု = တွေ့ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။
ဘု = အကုသိုလ် ဒုစရိုက် ပွါးများသူတို့နှင့် ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ တ = အခါ ခပ်သိမ်း ကု = တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်ဖြစ်ပါစေသတည်။

Wednesday, August 7, 2019

ကာယကံ ၊ ၀စီကံ ၊ မေနာကံ ,ကာယကံ ၊ ဝစီကံ ၊ မနောကံ

(Zawgyi)

ကာယကံ (၃)ပါး
  1. သူ့အသက်သတ်မှု့၊
  2. သူ့ဥစ္စာခိုးယူမှု့၊

ဝစီကံ (၄)ပါး
  1. မုသားပြောဆိုမှု့၊
  2. ကုန်းချောမှု့၊

မနောကုံ (၃)ပါး

(Unicode) 

ကာယကံ (၃)ပါး

  1. သူ့အသက်သတ်မှု့၊
  2. သူ့ဥစ္စာခိုးယူမှု့၊
  3. သူ့သားမယားပြစ်မှားမှု့ 



ဝစီကံ (၄)ပါး

  1. မုသားပြောဆိုမှု့၊
  2. ကုန်းချောမှု့၊
  3. ကြမ်းတမ်းသော စကားပြောမှု့၊
  4. အကျိုးမဲ့စကားပြောဆိုမှု့ 



မနောကုံ (၃)ပါး

  1. သူတစ်ပါး ဥစ္စာကို တပ်မက်အောက်မေ့မှု့၊
  2. သူတစ်ပါး ပျက်စီးစေလိုသော တောင့်တမှု့၊
  3. မှားသော အယူဆွဲယူမှု့ 

မျပစ္မွားထိုက္ေသာ ခင္ပြန္းၾကီး (၁၀)ပါး , မပြစ်မှားထိုက်သော ခင်ပွန်းကြီး (၁၀)ပါး

(Zawgyi)

(၁) မြတ်စွာဘုရား ၊
(၂) ပစ္စေကဗု​ဒ္ဓါ အရှင်သူမြတ်များ ၊
(၄) သာဝကများ ၊
(၅) အမိ ၊
(၆) အဖ ၊

(Unicode)

(၁) မြတ်စွာဘုရား ၊
(၂) ပစ္စေကဗု​ဒါ္ဓ အရှင်သူမြတ်များ ၊
(၃) ရဟန္တာ အရှင်သူမြတ်များ ၊
(၄) သာဝကများ ၊
(၅) အမိ ၊
(၆) အဖ ၊
(၇) ဆွေမျိုးတွေထဲက ရိုသေထိုက်သူများ ၊
(၈) လောက်ကီ ၊ လောကုတ္တရာ ဆရာများ ၊
(၉) ကြီးပွားရေးအတွက် ထောက်ပံ့ပေးသူများ ၊
(၁၀) မိမိအား တရားဓမ္မဟောပြပေးသူများ ။