Wednesday, February 26, 2020

Computer မှာ User Name နှင့် Password ပြောင်းနည်း

computer မှာ user name နဲ့ password ဘယ်လို ပြောင်းရမလဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်
သိပီးသား လူတွေ အတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေ အတွက်ပါ

ပထမ ဉီးဆုံး control panel ထဲကို ဝင်ရမှာပါ
control panel ကို  search box ကနေ control panel ရိုက်ပီး (or)  run box (win + R)ကနေ control panel ဆိုပီး ရှာလည်းရပါတယ်

For Search box 

For Run box

control panel ထဲကို ရောက်ပီဆိုရင် View by မှာ Category လုပ်ပေးပါ
ပီးရင် User Account ကို Click နှိပ်ပီး ဝင်လိုက်ပါ 
and then Click User Account
and then Click manage another account

Make Changes to *'s account ထဲကို ရောက်သွားပီဆိုရင် 
မိမိက computer name ပြောင်းချင်တာဆို Change the account name ကို ဝင်
ဒါမှ မဟုတ် password change ချင်တာဆို Change the password ထဲကို ဝင်ပီး ပြောင်းချင်တဲ့ name , pw ပြောင်းပေးပီး Change name , change pw နှိပ်ပေးလိုက်ရင် ရပါပီ
For Change the account name
For Change the password
- current password မှာ လက်ရှိသုံး‌နေတဲ့ password ကို ထားပီး new password မှာ ကိုယ် ထားချင်တဲ့ password ကို ထားပေးရမှာပါ
သေချာအောင် new password ကို နှစ်ခါ ရိုက်ပေးရပါမယ်
- pw ပေးရင်း မိမိက မေ့တက်ရင် hint လေး ပေးထားလို့ရပါတယ် (ဉပမာ - pw မှာ ကိုယ့်နာမည် ပေးထားတယ်ဆို hint မှာ name ဆိုပီး ပေးထားရင် pw မေ့နေရင်တောင် စဉ်းစားလို့ ရမှာပါ) 
အယ် အဲ့နေရာမှာ ကိုယ်တင်မဟုတ်ဘူး ကိုယ့်အကြောင်းကို သိတဲ့ သူက hint ကနေလည်း ကိုယ့် pw သိသွားနိုင်တယ်ဆိုတာတော့ သတိ ထားစေလိုပါတယ်

* ဒီနေရာမှာ တစ်ခု သတိထားရမှာက pw ကို ဘာမှ မထားချင်တော့ဘူးဆို new pw နေရာတွေမှာ ဘာမှ မရိုက်ဘဲ Change password နှိပ်ပေးလိုက်ရင် ရပါပီ

အားလုံးပဲ အဆင်ပြေကြပါစေ 
#STZ



No comments:

Post a Comment

Thank Q your comment.