Saturday, July 3, 2021

Task Manager Part(2)

အရင်အပတ်က Task Manager နဲ့ပတ်သတ်လို့ တချို့ကို ရေးထားခဲ့ပီးပါပီ 
part(1) ကိုဖတ်ချင်ရင် အခု link မှာ ဖတ်ပေးနော် 👉👉👉 Task Manager Part(1)

အခု part(2) လေး ဆက်ပြောပြမယ်နော်

Performance Tab

Performance Tab အောက်မှာဆိုရင် ကွန်ပျူတာမှာ တပ်ဆင်ထားသည့် CPU , Memory , Disk , Wifi , GPU(graphic ပါလျှင်) တို့ ဘယ်လောက် အလုပ်များနေလဲဆိုတာကို စစ်ဆေးကြည့်ရှု့နိုင်ပါတယ်။ 
သူရဲ့ graph လေးမှာ အနှိမ့်အမြင့်လေးတွေနဲ့ သုံးတဲ့ ပမာဏကို ကြည့်ရှု့နိုင်ပါတယ်။ 

computer သုံးရတာ နှေးလာတယ် usage တွေကလည်းတစ်သက်မှတ်တည်း တစ်ဝက်ကျော်လာရင် application တွေ ပိတ်ပစ်တာ (သို့ ) memory ထပ်တိုးတာတွေ လုပ်နိုင်ပါတယ် ။ 

Start Up Tab

Start up tab မှာဆို computer ဖွင့်တာနဲ့ စ run နေတဲ့ program တွေကို ဖော်ပြပေးတာပါ။ Status မှာက computer ဖွင့်တာနဲ့ စ run မယ်ဆို enable ဖြစ်နေပီး ၊ စ မrun တဲ့ ဟာတွေကို disable ပြထားတာပါ။ ကိုယ်ဟာ တချို့ program တွေကို computer ဖွင့်တာနဲ့ မ run ချင်တာပဲ ဖြစ်ဖြစ် ၊ run ချင်တာပဲဖြစ်ဖြစ် ကိုယ်ပြောင်းချင်တဲ့ program ကို click နှိပ်ပီး ညာဘက် အောက်မှာ လင်းလာမယ့် enable , disable နှိပ်ပေးလို့ရပါတယ်။ 

 အားလုံးပဲ အဆင်ပြေကြပါစေရှင့်
#STZ


No comments:

Post a Comment

Thank Q your comment.