Thursday, February 10, 2022

(3) Adjective နာမဝိသေသန

- နာမ်စကားလုံးများရဲ့ ပုံစံကို ပေါ်လွင်အောင် ဖော်ပြရာတွင် သုံးသော စကားလုံးများ ၊ (Noun) ပုဒ် များကို အထူးပြုပြီး အထောက်အပံ့ပေးကာ ကွဲပြားအောင် ပြုလုပ်ပေးသောပုဒ်သည် (Adjective) နာမဝိသေသန ပုဒ်ဟုခေါ်ပါသည်။ မိမိ ပြောချင်သော (noun)ကို အရည်သွေးမြင့်အောင်၊ ဂုဏ်ရည် မြင့်အောင် ပြောဆိုခြင်းဖြစ်ပါသည်။

(a girl) ဆိုရင် မကွဲပြားသေးဘူး။ (မိန်းကလေး)မှန်းတော့ သိပါတယ်။ ဒါပေမဲ့ (ဘယ်လိုမိန်းကလေးအမျိုးစားမှန်းမသိရပါ။)အဲဒီ(မိန်းခလေး)ဟာ(အရပ်ရှည်သလား)(အရပ်ပုသလား)(ဝသလား)(ပိန်သလား)(လှသလား)(မလှသလား)မသိနိုင်သေးပါ။အဲဒီ(မိန်းကလေး)ဟာ(ဘယ်လိုအမျိုးစားမှန်း)သိလာနိုင်အောင် ကွဲပြားလာနိုင်အောင်(Adjective)က ဆောင်ရွှက်ပေးတာပါ။ နာမူနာ - (a girl) နဲ့ (a beautiful girl ) နဲ့ မတူနိုင်သလို (a beautiful girl ) နဲ့ (a clever girl ) ဟာမတူပါ။ (လှတဲ့မိန်းကလေးဟာ လိမ္မာချင်မှ လိမ္မာမည်။) (လိမ္မာတဲ့ မိန်းခလေး ဟာလည်း လှချင်မှ လှမည်။) အဲဒါတွေ ကွဲပြားအောင် (Adjective) ကဆောင်ရွက်ပေးပါတယ်။

Eg : Blue(Adj) sky (noun) - Noun ရှေ့မှာ adj တွေ အများကြီး ပါလို့ရ Eg : She is a beautiful , tall, thin, black-haired Burmese woman.

- Adj -သည် verb to be နဲ့ တွဲသုံးလျှင် verb ဖြစ်သွားသည်။

-a , an တွေဟာလည်း article ဖြစ်သလို adj လည်းဖြစ်ပါတယ် ။ I met a handsome boy yesterday. a book


Adj of Degree










Positive Adj

Comparative Adj

Superlative





Adj ကို level ‌အနေနဲ့

1. Word Level - တစ်လုံးတည်းရှိနေတဲ့ adj
    Stunning
    Honest     Adorable

Royal Order Of Adj
Determiner - Opinion - Size - Age - Shape - Color - Origin - Material - Qualifier or Purpose + Noun a nice young man- ငယ်‌ရွယ်တဲ့ အမျိုးသားကောင်းတစ်ယောက် D O Age N

a big black American car. - အနက်ရောင်အမေရိကန်ကားကြီးတစ်စီး D S C origin my beautiful spacious new white two-floor house. - ကျယ်ဝန်းပြီး လှပတဲ့ငါ့ရဲ့ အဖြူရောင်နှစ်ထပ်အိမ်အသစ်လေး D Opinion S Age C Shape

2.Phrase Level -(စကားစု) Adj အနေနဲ့ ပြုမူပြီးတော့ N ကို ဖော်ပြပေး 3.Clause Level -
that , where , when , who, whom , whose , which , why စတဲ့ Relative Pronoun တွေနဲ့ တွဲသုံး

Adjective အမျိုးအစားများ -

(1)proper adjective- အမည်ပြ နာမဝိသေသန (2)adjective of quantity-ပမာဏပြ နာမဝိသေသန (3)adjective of number-သင်္ချာပြ နာမဝိသေသန (4)distributive adjective- ခွဲဝေပြ နာမဝိသေသန (5)demonstative adjective- ညွှန်ပြ နာမဝိသေသန (6)possessive adjective - ပိုင်ဆိုင်မှုပြ နာမဝိသေသန (7)adjective of quality-အရည်သွေးပြ နာမဝိသေသန

(1)proper adjective- အမည်ပြ နာမဝိသေသန

Myanmar girl- မြန်မာ မိန်းကလေးတစ်ယောက် The english language- အင်္ဂလိပ်ဘာသာ The shwedagon pagoda-ရွှေတိဂုံဘုရား



(2)adjective of quantity-ပမာဏပြ နာမဝိသေသန

some whole little half enough any(အချို့ ၊အနည်းငယ်သော) sufficient no(နဲနဲမှ မတူသော) all great


(3)adjective of number-သင်္ချာပြ နာမဝိသေသန

One(တစ်ခုသော) many Two few(အနည်းငယ်သော) Three several(များစွာသော) First(ပထမ) Second Third Fourth

(4)distributive adjective- ခွဲဝေပြ နာမဝိသေသန

Each Every(နောက်တွင် အမြဲ Noun အနည်းလိုက်သည်) Either(တစ်ခု မဟုတ်လျှင်တစ်ခု) Neither(နှစ်ခု လုံးမဟုတ်)



Eg :




(5)demonstative adjective- ညွှန်ပြ နာမဝိသေသန

This , that , these , those နောက်မှာ တစ်ခါတည်း N တွဲလိုက်

This such(ထိုကဲ့သို့သော) That another(N- အနည်းလိုက်သည်) These(N- အနည်းလိုက်သည်) other Those(------။---------------)



(6)possessive adjective - ပိုင်ဆိုင်မှုပြ နာမဝိသေသန

My Their Our His Your its မှတ်ချက်။ possessive adjective နောက်တွင် အမြဲ (N) လိုက်သည်။

Eg : my computer





(7)adjective of quality-အရည်သွေးပြ နာမဝိသေသန

White brown Red grey Blue bright Black Yellow Green

Linking verb တွေနဲ့လည်း တွဲပီးတွေ့ရ Verb to be, looks , feel , seem Eg : The house is beautiful. (is - linking verb)


Quantitative Adjective - Noun ရဲ့ အရှေ့မှာ အရေအတွက်ပြပေး


Interrogative Adj




Adjective မှာ အဆင့် (၃)ဆင့် ရှိပါသည်။ Three degrees of adjective (1)positive degree - ရိုးရိုးအဆင့် (သောဟု ထွက်သည်) (2)comparative degree- နှိုင်းယှဉ်အဆင့်(ပို၍ဟု ထွက်သည်) (3)superlative degree- အမြင့်ဆုံး အဆင့် (ဆုံးဟု ထွက်သည်)


 Positive degree (‌သော)                                        

Comparative degree (ပို၍)                      

Superlative degree (ဆုံး)

Fat 

fatter

fattest

Low

Lower

lowest

Thin

Thinner

thinnest

Big

Bigger

biggest

Tall

Taller

tallest

Small

Smaller

smallest

Adj-သည် အသံ နှစ်သံ (သို့)အသံနှစ်သံထက် ထွက်နေပါက (more, most) တို့ကို သုံးရသည်။

Positive degree (ေသာ)                                        

Comparative degree (ပုိ၍)                      

Superlative degree (ဆုံး)

Beautiful

More beautiful

Most beautiful

Heavy

More heavier

Most heaviest

Popular

More popular

Most popular

Wonderful

More wonderful

Most wonderful

Careful

More careful

Most careful

Intelligent

More intelligent

Most intelligent


Adjective of adverb များလည်း ပြောင်းလဲမှုများလည်း ရှိပါသည်။

Positive degree (ေသာ)                                        
Comparative degree (ပုိ၍)                      
Superlative degree (ဆုံး)
quickly
More quickly
Most quickly
widely
More widely
Most widely
easily
More easily
Most easily

အလွတ်ကျက်မှတ်ထားရန်။ Adjective degree(သုံးဆင့်) ပြောင်းလဲမှုမှာ မတူသောကြောင့် အလွတ်ရအောင် ကျက်ထားရမည်။

Positive degree (ေသာ)  (D-1)                                      
Comparative degree (ပုိ၍)  (D-2)                    
Superlative degree (ဆုံး) (D-3)      
Good
Better
best
well
Better
best
Bad
Worse
worst
badlay
Worse
worst
Far
Farther
farthest
far
Further
Furthest
Late
Later
Later or latest
Little
Less
least
Many
More
most
much
More
most
some
More
most

အဆင့် သုံးဆင့်လေးကို ပြောင်းကြည့်ကြရအောင် ဘယ်လိုသုံးလဲ ဆိုတာ ကျောင်းသူကျောင်းသားတွေ ဖြေဆိုရ ခက်တဲ့ အထဲမှာပါတဲ့ Grammar exercise လေးပါပဲ သုံးခုလုံးကို degee (1)ကနေ (2)ကနေ(3)ကို အဆင့်ဆင့် ပြောင်းခိုင်းတာဖြစ်ပါတယ်။ပုံသေးနည်းလေး သိရင် ဒါလေးက လွယ်လွယ်လေးပါ။ကျွန်တော် ကျောင်းသားဘဝက သင်ခဲ့ရတဲ့ ပုံစံလေးပါပဲ--- Positive degree (D-1) အတွက် Formula ပါ *subject +verb to be +negative(not) +as---D1----as + subject -အတို ပုံစံလေး ရေးလိုက်ပါမည်။ N1 +is+not+as D1 as +N2 Eg(1)my uncle is not as tall as my father. comparative degree (D-2) အတွက် Formula ပါ (subject နှစ်ခုကို နှိုင်းယှဉ်သည့်အတွက် than ပါလာသည်ကို သတိပြုပါ) *subject +verb to be + more (or) D-2 +than +subject -အတို ပုံစံလေး ရေးလိုက်ပါမည်။ N2+is+more (or) D2+than+N1 Degree (1) ကနေ (2)ကိုပြောင်းကြည့်ကြမယ်။ Eg(1)my uncle is not as tall as my father. My father is taller than my uncle. Eg(2)Tin Tin is not as intelligent as Khin Khin. Khin Khin is more intelligent than Tin Tin. Superlative degree (D-3) အတွက် formula ပါ *subject+verb to be+ the +D-3 +Noun + place-အတို ပုံစံလေး ရေးလိုက်ပါမည်။ N+is+the+D3+N+P Degree (3)ကနေ (1) ပြောင်းကြည့်ကြမယ်။ formula လေးနဲ့ ပဲ လုပ်ကြည့်ကြပါ့မယ်။ D3 to D1 – There is no +----နဲ့ရေးသည်ကို သတိပြုပါ။ N+is+the+D3+N+P (D-3 formuala) There is no + N(အနည်း)D3 နောက်က N ကိုရေးပါ +place + as D1 as + subject ဥပမာလေးတွေ ကြည့်ရင်းရှင်းသွားပါမည်။ Eg(1) The Shwedagon is the greatest pagoda in Myanmar. There is no pagoda in Myanmar as large as the shwedagon. ဒီလောက်ဆိုရင်တော့ degree တွေ ဘယ်လို့ပဲ ပြောင်းရေးချင်ဆိုတာ ရေးတတ်သွားပါပြီ။ ကိုယ်ရေးချင်တဲ့ sentence လေး ပိုပြီးတော့ အသက်ဝင် လှပါသွားအောင် ဒီလို degree လေး သုံးပြီး ရေးကြည့်လိုက်ရင် ပို မကောင်းဘူးလား။ ချင်းတွင်းမြစ်သည် ဧရာဝတီကဲ့သို့ မရှည်ပါ။ The Chindwin river is not as long as Ayeyarwady river. ဒါလေးကို ပိုပြီ စာဖတ်တဲ့သူ စိတ်ဝင်စားလာအောင် ရေးကြည့်ကြမယ်။

ဧရာဝတီမြစ်သည် ချင်းတွင်းမြစ်ထက် ပို၍ ရှည်တယ်။ The Ayeyarwady river is longer than Chindwin river. မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကဲ့သို့ ရှည်သော မြစ် မရှိပါ။ There is no rive river in Myanmar as long as the Ayeyarwady. ဧရာဝတီမြစ်သည် မြန်မာနိုင်ငံမှာ အရှည်ဆုံးသော မြစ်ဖြစ်သည်။ The Ayeyarwady is the longest river in Myanmar. မှတ်ချက်။ as ---D1---as(ကြားတွင် D1 အမြဲလိုက်သည်) The + D3+N( ကြားတွင် D3 အမြဲလိုက်သည်) There is no + N(အနည်း) (Noun -အနည်း အမြဲလိုက်သည်)



ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

(2) Pronoun - နာမ်စား

- နာမ်၏ အစားသုံးသော ပုဒ်ကို Pronoun (pr) နာမ်စားလို့ ခေါ်ပါသည်။ Subject -ပြုလုပ်သူ (ကတ္တား)ကို ထပ်ခါ တစ်လဲလဲ မသုံးပဲ pronoun (နာမ်စား)လေးသုံးပြီးရေးခြင်းဖြစ်ပါသည်။

(girl)ဆိုတဲ့(မိန်းကလေး)ရဲ့အစား(She)ကိုသုံးတယ်။

(boy)ဆိုတဲ့(ကောင်လေး)ရဲ့အစား(He)ကိုသုံးတယ်။

(dog)ဆိုတဲ့(ခွေး)ရဲ့အစား(it)ကိုသုံးတယ်။

(girl)ရယ်(boy)ရယ်(dog)ရယ်။ ဆိုတဲ့(အများ(၃)ခုပေါင်း) ရဲ့အစား(They)ကိုသုံးတယ်။

A girl is beautiful  <-> She is beautiful.

A dog is lovely.  <-> It is lovely.

 Eg(1)Mg Mg is helping Mg Mg’s mother. 

ဒီစာကြောင်းမှာဆို sentence တစ်ခုတည်းကို Mg Mg ဟာ နှစ်နေရာဖြစ်နေပါတယ်။အဲ့ဒါကို Pronoun ပြောင်းပီးသုံးပေးရပါမယ်။

Mg Mg is helping his mother.

အခုလို pronoun (နာမ်စား)လေး သုံးလိုက်တဲ့အတွက် စာကြောင်းကလဲ မှန်သွားပါသည်။ 

Pronounအမျိုးအစားများ -



Subject တွေကို ပြန်ပီး ရည်ညွှန်း , အထူးပြု 





 

Direct to indirect speech ပြောင်းရာတွင် ဇယားလေး ကို ပိုင်နိုင်စွာ သိထားမှသား ကောင်းစွား ပြောင်းနိုင်ပါသည်။

I.we.you.you.they)(၅)လုံးတို့ကို (do, do not, don't, have, have not, haven't) တို့နှင့်တွဲသုံး တွဲရေး တွဲပြောရမည်။

(He. She. It) (၃)လုံးတို့ကို  (does, does not, doesn't, has, has not, hasn't) တို့နှင့်တွဲသုံး တွဲရေး တွဲပြောရမည်။

နာမ်စားကို - 

1.Demonstrative pronoun (ညွှန်းပြနာမ်စား)

this-ဒီဟာ- အနီ

that-ထိုဟာ-အဝေး

theses- ထိုဟာများ (အများ)-အနီးတွင်

those-ထိုဟာများ(အများ)-အဝေးတွင်



2.Distributive pronoun (ခွဲဝေပြ နာမ်စား)

either- (တစ်ခုခု) ,neither-( တစ်ခုမှ မဟုတ်)


3.Indefinite pronoun( သာမည နာမ်စား)  - အတိအကျမရှိ 

some,few,none,such,many,any,other,others


one , body , thing ဆိုတာနဲ့ ဆုံးတာတွေကို sigular နဲ့ပဲသုံးရ 


Eg(1)this is my book.(ပိုင်ဆိုင်မှုပြ)

    (2)this book is mine.(မိမိပိုင်ဆိုင်မှုကို ပြ)

ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, February 9, 2022

(1) Noun နာမ်

-  Noun နာမ် ဆိုတာက လူ ၊ တိရစ္ဆာန် ၊ အရာဝတ္ထုနဲ့ နေရာတို့ရဲ့ နာမ(အမည်)တွေကို ခေါ်တာပါ ။ လောကမှာ ရှိရှိသမျှ အမည်နာမ ဟူသမျှကို (Noun) နာမ်ပုဒ်  ဖြစ်ပါသည်။ 
Eg : Su Su , school , men , crowf , class , rock , house , love 

Noun နာမ် အမျိုးအစားများ 

    1.Proper Nouns - တစ်ဦးဆိုင်နာမ် 

    2.Common Nouns - အများဆိုင်နာမ် 

    3.Collective Nouns - အစုအဝေးပြ နာမ်

    4.Concrete Nouns - ထိတွေ့ကိုင်တွယ်လို့ရတဲ့ Nouns 

    5.Abstract Nouns - ထိတွေ့ကိုင်တွယ်လို့မရတဲ့ Nouns

    6. Countable Nouns - ရေတွက်လို့ ရတဲ့ Nouns

    7.Uncountable Nouns - ရေတွက်လို့ မရတဲ့ Nouns

1.Proper Nouns - တစ်ဦးဆိုင်နာမ် 
Eg : Shan State , America , Myanmar , Tun Tun
* Proper Nouns တွေကို ရေးတဲ့အခါမှာ ပထမ စာလုံးဟာ အကြီးတွေနဲ့ပဲ ရေးရပါတယ်။

 2.Common Nouns - အများဆိုင်နာမ် (အမျိုးတူ ပစ္စည်း လူသူ တို့ကို ဘုံသဘော ခေါ်သောအမည် များ )
Eg : dog , table , river , country




3.Collective Nouns - အစုအဝေးပြ နာမ် (အစုအပေါင်းကို နာမည် တစ်ခု ပေးပြီးခေါ်ခြင်း)
Eg : group , class , staff , crowd

အစုအဖွဲ့တွေကို  အောက်ပါအတိုင်းရေးပါသည်၊
  1. a group of  young girls      =       မိန်းမငယ် တစ်စု
  2. a flock of sheep                =       သိုးတစ်အုပ်
  3. a bunch of bananas           =       ငှက်ပျောသီး တစ်ခိုင်
  4.  a pair of pants                  =       ဘောင်းဘီရှည် တစ်ထည်
  5. an army of soldiers           =       စစ်တပ်တစ်တပ်
  6. a class of pupils                =       တပည့်များ၏ စာသင်ခန်းတစ်ခန်း
Uploading: 120025 of 120025 bytes uploaded.


 4.Concrete Nouns - ထိတွေ့ကိုင်တွယ်လို့ရတဲ့ Nouns (တစ်ခု နှစ်ခု ဟူ၍ ပိုင်းခြား လို့မရသော ရေ -လေ -မြေ - သတ္တု - သစ်သား တို့လို အခြေခံ ပစ္စည်း များကို Material Nouns ခေါ်သည် ။)

Eg : rice , sugar , meat , food


5.Abstract Nouns - ထိတွေ့ကိုင်တွယ်လို့မရတဲ့ Nouns (ရုပ်ဝတ္တု ပစ္စည်း မရှိဘဲ စိတ်ကူးနှင့်သာ ဖော်ပြ၍ ရသော သဘောမျိုးကို ဖော်ပြခြင်း ၊အကောင်အထည် မရှိ ၊ မမြင်ရသော နာမ်များ ( စိတ္တဇနာမ် )

Eg : happiness , sorrow , childhood , honesty 


တကယ်တော့ အင်္ဂလိပ်သဒ္ဒါမှာ နာမ်ကို အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာထက် အရေးကြီးတာက နာမ်တစ်ခုကို ရေတွက်လို့ရသလား မရဘူးလားဆိုတာက ပိုပီး အဓိကကျပါတယ်။ အဲ့ဒါဆို ရေတွက်လို့ရတဲ့ (Countable Noun - CN ) နဲ့ ရေတွက်လို့မရတဲ့ (Uncountable Noun - UN) ကို လေ့လာကြည့်ရအောင်။


-အများဆိုင်နာမ်(Common Nouns) နဲ့ အစုအဖွဲ့ပြနာမ်(Collective Nouns)တွေဟာ Countable Noun ပါ ။ (တစ်ခု နှစ်ခုဆိုပီး ရေတွက်လို့ရတာပေါ့)
-တခြားကျန်တဲ့ တစ်ဦးဆိုင်နာမ် (Proper Nouns) ၊ ထိတွေ့ကိုင်တွယ်လို့ရတဲ့ Nouns (Concrete Nouns) ၊ ထိတွေ့ကိုင်တွယ်လို့မရတဲ့ Nouns(Abstract Nouns) တွေကတော့ Uncoutable Noun ပါ။ Singular သာ ရှိပါတယ် ။ 
* အလေးထားကာ အုပ်စု ခွဲ   UN /  CN ပါ။
- ရေတွက်လို့ ရတယ် ၊ မရဘူးဆိုတာကို မသဲကွဲရင် some ကို သုံးလို့ရပါတယ်။



Uncountable Nouns 
တစ်ခု နှစ်ခု ကိုင်တွယ် ရေတွက် ၍ မရသော နာမ်ပုဒ်(Uncoutable Noun)များကို အများကိန်းပြောင်း၍ မရပါ ၊ စိတ္တဇ နာမ်များ ( စိတ်ထဲမှာသာရှိပြီး ၊ ရုပ်ဝတ္တု အကောင်အထည် မရှိတဲ့နာမ် များ) ကိုလည်း ရေတွက်လို့ မရပါဘူး၊ အကယ်၍ အများကိန်းပြုလုပ်လိုလျှင် ၄င်းတို့ရှေ့ မှ
1.       some
2.       much
3.       all 
4.       a lot of
5.       plenty of
6.       a piece of 
7.       a bottle of
8.        a pot of
9.       a tin of
10.     a packet of 
 11.    a bowl of 
12.     a slice of  စသဖြင့်  များထည့်၍ အများကိန်းပြုလုပ်နိုင်ပါသည်။

ရေတွက်၍ မရသော နာမ် များလို့ လွယ်လွယ် နဲ့ ပြောလိုက်ပေမယ့် -လက်တွေ့ မှာနည်းနည်းတော့ အခက်အခဲတွေ့နိုင်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ -တစ်ချို့ အင်္ဂလိပ်စာလုံးတွေဟာ မြန်မာ တွေ အနေနဲ့ -ရေတွက်လို့ ရတယ်လို့ထင်မှတ်မှားတာ မျိုးတွေ ရှိပါတယ်၊ ဥပမာ - စက္ကူ တို့ ၊ပေါင်မုန့် တို့ ၊ ပိုက်ဆံတို့ပေါ့။
paper  , money ,bread   တွေ ဟာရေတွက်လို့ မရပါဘူး၊
medicine  =ဆေးပညာ UN ( ဒါမှမဟုတ်) ဆေးဝါး CN  ရှိတယ်ဆိုတာရော မှတ်ထားရမည်။

   Uncountable Noun အချို့ ကဗျာ

ရေတွက် မရ  နာမ်အချို့ ၊                                             ငါ တို့ မှတ်ကြစို့ ၊
အကြံဉာဏ် ဟာ advice                                               အဲ ဒါ မှတ်ထားလိုက် ၊
တွင်း နှိုက်ရတဲ့ ရတနာ ၊                                               gold  , silver , ruby  ပါ ၊
အသိပညာသတင်းပေး ၊                                               information ,  knowledge  လေး ၊
 coffee , tea  လေးခပ်ခါးခါး ၊                                        sugar  , flour ,  နို့ -အသား ၊ *( milk , meat )
money  များက ငွေ ပိုက်ဆံ ၊                                         soap , fruit  ,  fish  ကိုမှတ်ကြ ရန်၊
ဖန် -မှန် -သစ်သား (*  glass , wood ) ၊ အဝတ်အစား၊        clothing  , cloth  ကိုမှတ်ပါလား၊     
အစားအစာ  food  ,  rice  , bread   ၊                            မြေဖြူ  chalk  ကိုပျက်အောင်ဖျက် ။
အိမ်ပေါ် ထက်က ပရိဘောဂ ၊                                        furniture  လို့ခေါ်တယ်ဗျ၊
ရှင်းကြ ခုတ်ကြ  grass  မြက်လေး ၊                                 hair  ဆံပင်မွေး ၊
ဆေးလိပ်ဆေးက   tobacco   ၊                                      rain   ဆိုတာက မိုး ၊
အကျိုး ရှိတာ ရေ -လေ ပေါ့ ၊                                         air ,  water  ,  မှတ်လိုက်ပေါ့၊
 salt   ဆား  paper,news ,butter ,                               ရေတွက် မရပါ ၊
သာသာယာယာ  ရှုမျှော်ခင်း ၊                                        scenery  နဲ့ stone   ကိုသွင်း ၊
ဘာဟင်းဖြစ်ဖြစ် မှတ်လို့ထား ၊                                       ဝက် သား ၊ အမဲသား beef  ,pork များ၊
 garlic  ကိုလဲ မမေ့နဲ့ ဗျို့ ၊                                           ကြက်သွန်ဖြူ လို့ မှတ်လိုက်စို့ ၊
ငါတို့ မှတ်စရာ စုံပြီ လား  ၊                                            Uncountable Noun   တဲ့ ဗျား ။

- fish   နဲ့ fruit  ဟာ  Uncountable Noun   ဖြစ်သွားပါတယ် ။ စားစရာ အနေနဲ့ ပြောရင် UN ဖြစ်ပီး တစ်ခု ၊ နှစ်ခု အနေနဲ့ပြောရင် CN ဖြစ်သွားပါတယ် ။

- glass - ဖန်သား - မှန်သားကိုပြောရင်   glass  ဟာ  Uncoutable Noun  ပါ ၊ ဖန်ခွက်ကိုပြောရင်တော့ Countable Noun  ပါ ။


‌ရေ ရေက်လို့ မရတဲ့  အရာတွေကို အကြောင်းကြောင်းကြောင့်  ရေတွက်စရာ ဖြစ်လာတယ် ဆိုကြပါစို့ ၊  ရေတွက်နိုင်တဲ့ ပစ္စည်းတစ်ခု နဲ့ အောက်မှာ နမူနာ ပြထားသလို တွဲ သုံးရပါတယ်။

ပေါင်မုန့်တစ်လုံး                   =       a loaf of  bread

နို့တစ်ခွက်                          =       a glass of  milk

ရေတစ်ခွက်                        =       a glass of  water

အကြံဉာဏ်တစ်ခု                 =       a piece of advice

ဆပ်ပြာအပိုင်းအစ                =       a piece of  soap

ကြိုးတစ်ချောင်း                    =       a piece of  string

ရေ နှစ်ပုလင်း                     =       two bottles of water

ပေါင်မုန့် သုံးချပ်                   =       three slices of bread 

ရွှေ နှစ်ကီလို                      =       two kilos of gold 

ဆန် ၅၀၀ ဂရမ်                   =       500 grams of rice 

 စက္ကူစများ                        =       some pieces of paper 

ဓာတ်ဆီအမြောက်အများ       =       a lot of petrol 

သကြားငါးဇွန်း                     =       five spoons of sugar 

ကော်ဖီတစ်ခွက်                   =       a cup of coffee

နွားနို့အမြောက်အများ           =       much milk

ဓာတ်ဆီ ၂၀ လီတာ              =       twenty litres of petrol

မြေဖြူတစ်ချောင်း                 =       a piece of chalk

ဟင်းချိုတစ်ခွက်                   =       a bowl of soup

မင်အိုးတစ်လုံး                    =       a pot of ink

ဆပ်ပြာတစ်တုံး                   =       a cake of soap

ငါးတစ်တုံး                         =       a piece of fish

ကြက်သားတစ်တုံး                =       a piece of chicken

ကော်ဖီမှုန့်တစ်ဗူး                =       a tin of coffee 

လက်ဖက်ခြောက်တစ်ထုပ်      =       a packet of tea

သကြားတစ်ထုပ်                  =       a packet of sugar

ရေ နှစ်ခွက်                        =       two glasses of water

လက်ဖက်ရည်သုံးခွက်           =       three cups of tea

သကြားတစ်ဆယ်သား           =       ten ticals of sugar

ရွှေတစ်ဆယ်သား                 =       ten ticals of gold

ရေခဲ နှစ်တုံး                       =       two lumps of ice


မေးခွန်း=>

Counatble Nouns အတွက် how many ကို သုံး

Eg : How many pencils?

        How many rabbits?


Uncounatble Nouns အတွက် how much ကို သုံး

Eg : How much water?

        How much rice?

ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။