Thursday, February 10, 2022

(2) Pronoun - နာမ်စား

- နာမ်၏ အစားသုံးသော ပုဒ်ကို Pronoun (pr) နာမ်စားလို့ ခေါ်ပါသည်။ Subject -ပြုလုပ်သူ (ကတ္တား)ကို ထပ်ခါ တစ်လဲလဲ မသုံးပဲ pronoun (နာမ်စား)လေးသုံးပြီးရေးခြင်းဖြစ်ပါသည်။

(girl)ဆိုတဲ့(မိန်းကလေး)ရဲ့အစား(She)ကိုသုံးတယ်။

(boy)ဆိုတဲ့(ကောင်လေး)ရဲ့အစား(He)ကိုသုံးတယ်။

(dog)ဆိုတဲ့(ခွေး)ရဲ့အစား(it)ကိုသုံးတယ်။

(girl)ရယ်(boy)ရယ်(dog)ရယ်။ ဆိုတဲ့(အများ(၃)ခုပေါင်း) ရဲ့အစား(They)ကိုသုံးတယ်။

A girl is beautiful  <-> She is beautiful.

A dog is lovely.  <-> It is lovely.

 Eg(1)Mg Mg is helping Mg Mg’s mother. 

ဒီစာကြောင်းမှာဆို sentence တစ်ခုတည်းကို Mg Mg ဟာ နှစ်နေရာဖြစ်နေပါတယ်။အဲ့ဒါကို Pronoun ပြောင်းပီးသုံးပေးရပါမယ်။

Mg Mg is helping his mother.

အခုလို pronoun (နာမ်စား)လေး သုံးလိုက်တဲ့အတွက် စာကြောင်းကလဲ မှန်သွားပါသည်။ 

Pronounအမျိုးအစားများ -



Subject တွေကို ပြန်ပီး ရည်ညွှန်း , အထူးပြု 





 

Direct to indirect speech ပြောင်းရာတွင် ဇယားလေး ကို ပိုင်နိုင်စွာ သိထားမှသား ကောင်းစွား ပြောင်းနိုင်ပါသည်။

I.we.you.you.they)(၅)လုံးတို့ကို (do, do not, don't, have, have not, haven't) တို့နှင့်တွဲသုံး တွဲရေး တွဲပြောရမည်။

(He. She. It) (၃)လုံးတို့ကို  (does, does not, doesn't, has, has not, hasn't) တို့နှင့်တွဲသုံး တွဲရေး တွဲပြောရမည်။

နာမ်စားကို - 

1.Demonstrative pronoun (ညွှန်းပြနာမ်စား)

this-ဒီဟာ- အနီ

that-ထိုဟာ-အဝေး

theses- ထိုဟာများ (အများ)-အနီးတွင်

those-ထိုဟာများ(အများ)-အဝေးတွင်



2.Distributive pronoun (ခွဲဝေပြ နာမ်စား)

either- (တစ်ခုခု) ,neither-( တစ်ခုမှ မဟုတ်)


3.Indefinite pronoun( သာမည နာမ်စား)  - အတိအကျမရှိ 

some,few,none,such,many,any,other,others


one , body , thing ဆိုတာနဲ့ ဆုံးတာတွေကို sigular နဲ့ပဲသုံးရ 


Eg(1)this is my book.(ပိုင်ဆိုင်မှုပြ)

    (2)this book is mine.(မိမိပိုင်ဆိုင်မှုကို ပြ)

ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

No comments:

Post a Comment

Thank Q your comment.