Thursday, May 26, 2022

5.1 Adverb ထည့်ပုံ

 Adverb Position

ယေဘုယျ အားဖြင့် (၃)နည်း

1. Front Position (ရှေ့ဆုံးနေရာ)

Eg : Suddenly the phone rang. (ရုတ်တရက် ဖုန်းဝင်လာတယ်)

        Fortunately nobody was injured. (ကံကောင်းစွာနဲ့ ဘယ်သူမှ မထိခိုက်ဘူးး)

        May be I'll go for a walk. (ငါလမ်းလျှောက်ထွက်ချင်ထွက်မယ်)


2. Mid Position(အလယ်နေရာ)

Eg : I always exercise before work.

        She slowly began to recover from her illness.


3. End Position ( နောက်ဆုံးနေရာ)

Eg: You speak English well.

        Please sit there.

        They ate dinner quietly.


- ‌‌adv အမျိုးအစားပေါ်မှာ မူတည်ပီး adverb position တွေကွဲသွားပါတယ်


Adverb of Manner

-အလယ်မှာ ထားလို့ရသလို ၊ နောက်ဆုံးမှာလည်း ထားလို့ရပါတယ်။


adverb of manner - အမူအရာပြကြိယာဝိသေသန

  • quickly - မြန်ဆန်စွာ / မြန်မြန်
  • slowly - နှေးကွေးစွာ / နှေးနှေး
  • easily - လွယ်ကူစွာ / လွယ်လွယ်ကူကူ
  • happily - ပျော်ရွင်စွာ / ပျော်ပျော်ရွှင်ရွှင်
  • well - ကောင်းစွာ / ကောင်းကောင်းမွန်မွန်
  • badly - ဆိုးရွားစွာ / ဆိုးဆိုးရွားရွား
  • seriously - လေးနက်စွာ / လေးလေးနက်နက်

Eg : He quickly corrected his mistake. (mid position) (အမှားကို အဓိကထားပြော) He corrected his mistake quickly. (end position) (မြန်မြန်ကို အဓိကထားပြော)


She easily passed the test. (mid position) [pass ကို အဓိကထားပြော] She passed the test easily. (end position) [easily ကို အဓိကထားပြော]


* -ly နဲ့ဆုံးတာကို အလယ် or နောက်ဆုံးမှာ ထားလို့ရ , -ly နဲ့ မဆုံးတဲ့ adverb of manner (eg : fast , well , hard…) တွေကို နောက်ဆုံးမှာပဲ ထည့်လို့ရ 

 

Adverb of time / Adverb of frequency

-ရှေ့ဆုံး or နောက်ဆုံးမှာထားလို့ရ

Eg : I study English every day. (end position)

Every day, I study English.(front position)


We visited Thailand last year. Last year , we visited Thailand.


* စကားလုံး နှစ်လုံးပါတာ(every day, every summer , next year,...)ဆို ရှေ့ or နောက်ဆုံးမှာ ထည့်လို့ရ

 စကားလုံး တစ်လုံးထဲပါတဲ့ adverb(daily, weekly , monthly,...)တွေကို နောက်ဆုံးမှပဲထားရ

Eg : I speak with my mother daily.


Adverb of frequency => 1. adverb of definite frequency (ကြိမ်နှုန်းအတိအကျရှိသော adv)

2. adverb of indefinite frequency


Adverb of definite frequency (ကြိမ်နှုန်းအတိအကျရှိသော adverbs)

- စကားတစ်လုံးတည်းပါတာဆို end position မှာ ထား

  • hourly  - နာရီတိုင်း
  • daily - နေ့စဥ် ၊ နေ့တိုင်း
  • weekly - အပတ်စဥ် 
  • monthly - လစဥ် 
  • yearly - နှစ်စဥ်
  • annually - နှစ်စဥ်
  • biannually - 2နှစ်တစ်ခါ
  • fortnightly -2ပတ်တစ်ခါ
Daily = Every Day


Adverb of indefinite frequency (ကြိမ်နှုန်းမတိကျသော adverbs)
-အတိအကျမရှိတဲ့ indefinte တွေကိုကျ position တွေ ကွဲပြား
  • always - အမြဲတမ်း
  • usually - အများအားဖြင့်
  • never - ဘယ်တော့မှ 
  • often - မကြာခဏ
  • very often - မကြာခဏ
  • rarely - မလုပ်သလောက်(ရှားရှားပါးပါး)
  • sometimes - တခါတလေ
  • seldom - မလုပ်သလောက်(ရှားရှားပါးပါး)
  • once in a while - တခါတလေ
  • repeatedly - ထပ်ခါတလဲလဲ 
  • typically - အများအားဖြင့်
  • hardly - မလုပ်သလောက် (ရှားရှားပါးပါး)
  • hardly ever - မလုပ်သလောက်
  • occasionally - တခါတလေ 
  • from time to time - တခါတလေ
  • every now and then - တခါတလေ
  • every so often - တခါတလေ
  • every now and again - တခါတလေ
-always , never = mid position မှာပဲရေးရ 
                            Main Verb ရဲ့ အရှေ့မှာ ထည့်ရ
                            Auxili Verb နဲ့ Main Verb နှစ်ခု ပါနေရင် verb နှစ်ခုကြားမှာ ထည့်ပေးရ
Always နဲ့ never က လွဲလို့ ကျန်တဲ့ indefinite frequency တွေကို များသောအားဖြင့် ရှေ့ နဲ့ အလယ်မှာ ရေးလို့ရ

Eg : Usually I take the bus to work.

I usually take the bus to work.
*Main verb ရဲ့ အနောက်မှာတော့ ရေးလို့မရ x

Eg : I always wake up early.
        We never go to the beach.
        We have never been to England.
        I have always lived in Yangon over the past five years.

တချို့ adv တွေက ရှေ့ ၊ လယ် ၊ နောက် ထည့်လို့ရ

Eg : - occasionally - တခါတလေ ၊ ကြုံရင် ကြုံသလို 

        Occasionally we drink wine.

        We occasionally drink wine.

        We drink wine occasionally.

ဒီလောက်ပါပဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။


Wednesday, May 25, 2022

(5)Adverbs - ကြိယာ ဝိသေသန

adverb ဆိုတာ verb , adj , advအချင်းချင်း တွေကို အထူးပြုတဲ့ စကားလုံးတွေ

adverbs တွေက တစ်စုံတစ်ခု ဘယ်လိုဖြစ်တယ် (or) တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ဘယ်လိုလုပ်တယ်ဆိုတာကို ပြောပြတယ်

1. ကြိယာကို အထူးပြုပေးတဲ့စကားလုံးများ

Eg : Mg Mg speaks carefully.

               Kyaw Kyaw always arrives early.

2. adjective ကိုလည်း လေးနက်စေတယ် ၊ အထူးပြုပေးတယ် 

         Eg : Ni Ni is very beautiful.

                The weather is terribly hot.

adverb အချင်းချင်းလည်း အထူးပြု


*များသောအားဖြင့် adverb တွေက -ly နဲ့ အဆုံးသတ်ပေမယ့် -ly ပါတိုင်း adverb မဟုတ်ပါ။

Types of Adverbs

1. Adverb of time

2. Adverb of manner - အမူအရာပြ

3. Adverb of place - နေရာပြ

4. Adverb of Degree - အဆင့်တွေကို ဖော်ပြ 

5.Adverb of frequency - အကြိမ်ပြ


1. Adverb of time / time adverb

Adverb of place တွေက when(ဘယ်အချိန်)ကလဲဆိုတဲ့ မေးခွန်းကိုဖြေပေးပါတယ်။

on Sundays တနင်္ဂနွေနေ့တွေမှာ ,yesterday, today , tomorrow ,1996 , century , long time , on sunday , on weekends , recently , last year , all day(တစ်နေကုန်) , for a week(တစ်ပတ်) , since (ကတည်းက) , for several century (ရာစုနှစ်အတော်ကလေး)

several ( 3 to 7 ကိုပြော)


Eg :   Mg Mg visited us yesterday.

         Have you seen Ni Ni today?

        I'm going to Thailand tomorrow.

        I recently bought a new car.

        I saw this movie last year.

        I have been learning English since 1996.


2. Adverb of manner / manner adverb - အမူအရာပြ

- Adverb of manner တွေက how (ဘယ်လိုလဲ) ဆိုတဲ့‌မေးခွန်းကို ဖြေပေးပါတယ်။

Eg : Do it carefully.

        Ma Ma plays piano beautifully. / terribly.

        He quickly/slowly left the room.

        He swims well.

        They all worked hard.

        She usually arrives late.

        I hate driving fast.

        She easily passed the exam.


3. Adverb of place / place adverb - နေရာပြ

Adverb of place တွေက where(ဘယ်နေရာ)လဲဆိုတဲ့ မေးခွန်းကိုဖြေပေးပါတယ်။

there , here , inside , outside , upstairs , nearby , downstairs , between , among(2ယောက်ထပ်ပိုရင်သုံး) , in the middle , next to, near , behind , in front of  , indoor , outdoor , everywhere ,.....

Eg : When we arrived there , it started to rain.

        She lives downtown and works nearby.

        You go upstairs and do your homework!

        Mg Mg lived and worked abroad.

        among the Burmese people .

        You should wait outside.

        There are pagodas everywhere in Bagan.


4. Adverb of Degree - အဆင့်တွေကို ဖော်ပြ 

-very , a little , rather , extremly(အလွန်အကျွံ) , so , too,excessively(အဆမတန်), almost , absolutely , awfully , badly , barely , completely , decidedly, deeply, enough, enormously, entirely, extremely, fairly , far, fully, greatly, hardly, highly, how, incredibly, indeed, intensely, just, least, less, little, lots, most, much, nearly , perfectly, positively, practically, pretty, purely, quite, rather, really, scarcely, simply, so, somewhat, strongly, terribly, thoroughly, too , totally, utterly, very, virtually, well

Eg : It's rather cold , isn't it?

        The coffee is too hot to drink now.

        The house is a little expensive.

        This cake is absolutely wonderful.


5.Adverb of frequency - အကြိမ်ပြ

-အကြိမ်အရေအတွက် အတိအကျ ၊ ဘယ်လောက်ဆိုတဲ့ ပမာဏပါပြ 

တစ်ခုခုကို ခဏခဏ လုပ်တယ် , တစ်ကြိမ်သွားဖူးတယ် , အမြဲတမ်း , ဘယ်တော့မှ

* အလုပ်တစ်ခုကို ဘယ်လောက်များများလုပ်သလဲဆိုတာ ပြတာ

generally , almost always, nearly always, hourly , Now and then  , every now and then, every now and again , hardly ever, scarcely, never, almost never  , sometimes  , typically , frequently, infrequently  , often  ,Continually , Intermittently  , Occasionally , Constantly , Once in a while, Daily , weekly, Monthly , Annually, Yearly, Periodically   , Regularly , Nightly , once a minute, once an hour, once a day, once a month, twice a year, once, twice, thrice (three times), continuously, fortnightly, on Mondays, on weekdays, on weekends, once in a lifetime, from time to time , once in a blue moon


every + noun (singluar) =>every second, every day , every month, every year

every Sunday = on Sundays (တနင်္ဂနွေနေ့တိုင်းမှာ)


normally, usually, always = များသောအားဖြင့်

Seldom , hardly, rarely = မလုပ်သလောက်ရှားပါး 

 တခါတလေ =>

  • once in a while 
  • sometimes
  • every now and then
  • every so often
  • every now and again
  • occasionally
  • from time to time

eat in - အိမ်မှာစားသည်
eat out - အပြင်ထွက်စားသည် / ဆိုင်မှာစားသည်

Eg : I am always losing my keys.

        I go to the cinema once a week .

        She takes these tablets twice a day.

        I change the sheets once a fortnight.( once a fortnight(14ရက်တစ်ကြိမ်) = နှစ်ပတ်တစ်ကြိမ်) 

        We meet him several times a year.

        We go to the beach once in a while. (once in a while = တခါတလေ)

        Once in a while,we go to the beach.

        She drinks wine every now and again.

        I always go to bed before 10 p.m.

        

ဒီလောက်ပါပဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။


(4) Verb ကြိယာ

Verb => လုပ်ဆောင်မှု့ (Action)၊ ဖြစ်တည်မှု့ (State of being)၊ ဖြစ်ရပ် (Occurrence) ကိုပြတဲ့စကားလုံး

Mg Mg plays football . လုပ်ဆောင်မှု့ကိုပြ

Myanmar is a country. ဖြစ်တည်မှု့ကိုပြ

ဝါကျ တစ်ကြောင်းမှာ ကြိယာက အဓိက ကျပါတယ်။ ကြိယာတစ်လုံးတည်းနဲ့ပြည့်စုံသွားတဲ့ ဝါကျတွေရှိပါတယ်။ ဥပမာ - come! လာခဲ့             eat! - စား             go! - သွား


Types of Verbs

- Action Verbs
- State Verbs
- Helping / Auxiliary Verbs
- Modal Verbs
- Regular and Irregular Verbs
- Transitive and Intransitive Verbs


- Action Verbs

        လုပ်ဆောင်ချက်ကိုပြ
        Action Verbs တွေဟာ အစ ၊ အလယ် ၊ အဆုံး ရှိတယ်။ (ကိစ္စတစ်ခုဆို ပီးဆုံးတဲ့ အခြေအနေရှိတယ်)
1. Physical Verbs -
        လုပ်ဆောင်မှု့ကို ပြ
        Eg : eat , kick , drive , catch, run

2. Mental Verbs
        စိတ်ပိုင်းဆိုင်ရာ
        Eg : think


- State Verbs

        လှုပ်ရှားမှု့ထက် ဖြစ်တည်မှု့တွေ ၊ အခြေအနေတွေကို ပြပေး
Eg : Canada is a country.         They like soccer.         I have a sister.

  • perception (know , see) - ကိုယ်ဖာသာ သိမြင်သော ဉာဏ် 
  • opinion (think , agree) - ထင်မြင်ချက်ကို ပြတာ
  • senses (smell, taste) - အာရုဏ်ခံစားမှု့ကို ပြ 
  • emotion(love, need) - ခံစားချက်ကို ပြ 
  • possession (belong , include) - ပိုင်ဆိုင်မှု့ကို ပြ 
  • state of being (be , have) - ဖြစ်တည်မှု့ကို ပြ
            ဒါတွေ အကုန် လုံးဟာ State Verbs ထဲမှာ ပါပါတယ်။ 
* State Verbs တွေဟာ များသောအားဖြင့် continuous form မှာ အသုံးမ ပြုပါဘူး ။ 

- Helping / Auxiliary Verbs

        - main verbs ကို ကူပေး 

အဓိက သိထားရမည့် အချက် (၃)ချက် => 
1. be , do , have တွေက verb's tense (လုပ်ဆောင်တဲ့အချိန်)
past , present,  future လားဆိုတာကိုပြဖို့ main verb ကို ကူပေးပါတယ်။ 
negative sentence နဲ့ question တွေဖွဲ့တဲ့အခါမှာလည်း main verb ကိုကူပေးပါတယ်။

2. 
be => continuous tense
do => simple tenses
have => perfect tenses

3. be , do , have ကို main verb နဲ့ helping verb အနေနဲ့ပါသုံးလို့ရပါတယ်။

        be / do / have + main verb -> verb's tense / negative / question
        
Verb to "be" => be , been , am , are , is , was , were Verb to "Do" => do , does , done , did Verb to "Have" => have , has ,had
Modal Verbs => can , could , will , would , shall , should, may , might , must


Verb to "be" => be , been , am , are , is , was , were
     be + main verb -> verb's tense / negative / question

Eg : Canada is a country.
                  (main verb , not helping verb)
        
        Oscar is studying now.
                (is = helping Verb) (studying = main verbs)
* Verb to "be" တွေရဲ့ နောက်မှာ အမြဲ V-ing form လိုက်ပေးရပါတယ်။

-- “be” သီးသန့်ဆိုရင် အင်္ဂလိပ်လို Infinitive လို့ ခေါ်ပါတယ်။ သူ့ကို Tense တွေ ခွဲပြီး လိုသလို အသုံးပြုကြတာပါ။
ဒါကြောင့် • Present Tense အနေနဲ့ဆို am, is, are • Past tense အနေနဲ့ဆို was, were • Perfect Tense အနေနဲ့ဆို have been (present perfect), had been (past perfect) • Continuous Tense အနေနဲ့ဆို am, is, are + V-ing (present), was, were + V-ing (past) • Future Tense အနေနဲ့ဆို will + be ဆိုပြီး လိုအပ်သလို စနစ်တကျ ခွဲခြားအသုံးပြုလေ့ရှိပါတယ်။


Eg :
I am a teacher.
I am teaching.

He was at home.
He was watching TV.
They were studying yesterday.
They are studying now.


- BE ရဲ့ မူလ အဓိပ္ပာယ်က နှစ်မျိုးရှိပါတယ်။

1. အသက်ရှင်ရပ်တည်မှုကို ဖော်ပြပြောဆို (မြန်မာလို "ရှိ" ဆိုတဲ့စကားလုံးနဲ့ ပြောနိုင်တဲ့အတွက် "have" နဲ့ ရောထွေး တတ်တာပါပဲ။ ဒါကြောင့် "be" ဆိုတာ အသက်ရှင်ရပ်တည်တာ၊ အကောင်အထည် ရုပ်ဒြပ်နဲ့ တည်ရှိနေတာ.... အင်္ဂလိပ်လို "exist" ကို ပြောတာပါ။ "have" ဆိုတာက ပိုင်ဆိုင်တာ.. အင်္ဂလိပ်လို "possess" ကို ပြောတယ်ဆိုတာ ကွဲကွဲပြားပြား နားလည်ထားဖို့ လိုအပ်ပါတယ်။ - I think; therefore I am.(အသက်ရှင်၊ ရုပ်ဒြပ်နဲ့ ရပ်တည်) - I am here. (တည်ရှိ) - I have a car. (ပိုင်ဆိုင်မှု) - I have children. (ပိုင်ဆိုင်မှု) - He is in the next room.(တည်ရှိ) - You are in my house now. (မင်း ငါ့အိမ်ထဲကို ရောက်နေပြီလို့ ဆိုလိုခြင်း- တည်ရှိနေတာကို ပြတာပါ။) - You have your problems. (ပြဿနာ တွေကို လက်ဝယ်ပိုင်ဆိုင် ဖြေရှင်းနေရတာ) - We will not be at home tomorrow. (ရှိခြင်း၊ မရှိခြင်း) - We will have a house of our own next year. (ပိုင်ဆိုင်ရတော့မယ်ဆိုတာ ပြခြင်း)

2.     ငါ၊ သူတစ်ပါး၊ ယောင်္ကျား ၊ မိန်းမ စသည်...(ဖြစ်ကြောင်းပြ) - I am a vegetarian. - I am twenty-one. - I will be twenty-two next Monday. - We are Myanmars. - She is my wife. - She is five years my junior. - Anawrahta was a great king. အထက်မှာ သုံးပြခဲ့တဲ့ အကြောင်းအရာများသည် "ဖြစ်တယ်" ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးထားတာဖြစ်ပါတယ်။
"ဖြစ်တယ်" လို့ ပြောမရတဲ့ အခြေအနေတွေမျာတော့ "Be" ကို Adjective နဲ့ တွဲသုံးပေးရပါတယ်။ ဥပမာ- - Mi Mi is beautiful. - U Pwa is very rich. - I am unlucky. - You are quite young.


- be နဲ့ မှားယွင်းတတ်တဲ့ Have ရဲ့ ပင်မအဓိပ္ပာယ်က ပိုင်ဆိုင်တာ ဖြစ်တယ်။ အကူကြိယာအဖြစ်သုံးရင်တော့ Past Participle ထားလိုက်ရင် Perfect Tense ဖြစ်ရတယ်။ - I have seen this awful film. (ကြည့်ပြီးပြီ) - The boat had gone before we came. (သင်္ဘောထွက်သွားပြီး အခြေအနေ) ဒီတော့ "Be" ကို Past participle ရှေ့က ထားရင် Passive Voice ဖြစ်ပြီးတော့... "Have" ဆိုရင်တော့ Perfect Tense ဖြစ်သွားတာကို မရောထွေးအောင် သေသေချာချာ မှတ်သားထားဖို့ လိုအပ်ပါတယ်။ ဥပမာ- - He is told to leave at once. (Passive) - He has told me to leave at once. (Perfect)

"Be" ကို "have" နဲ့ တွဲပြီး Present Perfect Tense မှာ သုံးရင် "တစ်နေရာရာကို ရောက်ခဲ့တယ်၊ ရောက်ဖူးတယ်၊ သွားပြီး ပြန်လာတယ်" လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဥပမာ- - Where have you been? I have been to Bagan. (ရောက်ခဲ့) - I have been to Katha several times. (ရောက်ဖူး) - Have you been to Poppa? (ရောက်ဖူးလား) ဒီနေရာမှာ မြန်မာလို "ရောက်" လို့ သုံးပေမဲ့ အင်္ဂလိပ်လို "arrive" မသုံးရတာကို သတိပြုပါ။

- "Be" ကို Perfect မှာ သုံးတာနဲ့ "gone" ကို Perfect မှာသုံးတာ ခြားနားကွဲပြားပုံကိုလည်း သတိပြုစေချင်ပါတယ်။ - U Thutaw has gone to Mandalay. (သွားတာ...ပြန်မရောက်သေး) - They have gone to Taunggyi. (သွားတာ.... ပြန်မရောက်သေး) ပြန်ရောက်တဲ့ အခြေအနေကို ပြောချင်ရင်တော့ ...(သွားခဲ့နေရာကို ရောက်ခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်) - U Thutaw has been to Mandalay. (ရောက်ခဲ့တယ်) - We have been to Taunggyi. (ရောက်ခဲ့တယ်) အလားတူပါပဲ- - Has the newspaper boy come? (ရောက်နေပြီးလားလို့ မေးခြင်း) - Has the newspaper boy been? ( လာပြီး ပြန်သွားပြီလားလို့ မေးတာ)

Verb to "be" နဲ့ ပတ်သက်လို့ အခု ရှင်းပြခဲ့သမျျကို အတိုချုပ် ပြန်ကောက်ရရင်..... 1. Be ရဲ့ အဓိပ္ပာယ်က အသက်ရှင်ရပ်တည်တာ၊ ဘယ်သူဘယ်ဝါ ဘာဘာညာညာဖြစ်တာ။ 2. Have ရဲ့ အဓိပ္ပာယ်က ပိုင်ဆိုင်တာ 3. Be နဲ့ adjective တွဲတယ်။ 4. Be နဲ့ V-ing တွဲရင် Present Continuous Tense ဖြစ်တယ်။ 5. Be နဲ့ Past Participle (V-3) တွဲရင် Passive ဖြစ်တယ်။ 6. Have နဲ့ Participle (V-3) တွဲရင် Perfct ဖြစ်တယ်။ 7. Have been ဆိုတာ သွားပြီး ပြန်ရောက်တာကို ပြောတာပါ။
Verb to "Do" => do , does , done , did
* do , does , did နောက်မှာ V1 လိုက်ပါတယ် ။
            do + main verb -> verb's tense / negative / question

Eg : I do my homework. She did not study. Did she study? She did study. (သူမ စာလုပ်ခဲ့တာ သေချာတယ်) - သေချာတယ် ဆိုတဲ့ နေရာမှာ သုံး
He did go to school. He didn't go to school. Did he go to school?

Verb to "Have" => has , have , had
* Verb to "Have" နောက်မှာ past participle/V3 လိုက်ပေးရပါတယ်။

            do + main verb -> verb's tense / negative / question

- ရှိတယ် ၊ ပိုင်ဆိုင်တယ် Eg : They had a dog. (သူတို့မှာ ခွေးတစ်ကောင်ရှိခဲ့တယ်) - အစားအသောက်တွေ နဲ့ သုံး Eg: They have had dinner. (သူတို့ညစာ စားပြီးသွားပီ) -အတွေ့အကြုံရခဲ့တယ် Eg: I have had a nice time.

Eg : I have been to France.         I haven't been to France.         Have you been to France?
        Tim has visited Australia two times.         We had seen Kathy last week.

Future Tense
Future Tense ကိုလည်း be , do , have ကိုပဲ သုံး



Modal Verbs => can , could , will , would , shall , should, may , might , must

    
        - Helping Verbs အမျိုးအစားတွေ ဖြစ်တယ်

        - အကြံအစည် ရည်ရွယ်ချက် ၊ တောင်းဆိုမှု့ ၊ လုပ်ဆောင်နိုင်မှု့ ၊ ခွင့်ပြုချက် ၊ လိုအပ်ချက် ၊ ဖြစ်နိုင်ချေတွေကို ပြတဲ့အခါမှာသုံး 

    

Linking Verbs
      - Linking verb - တစ်စုံတစ်ခုကို ဖော်ပြတာ     - Action verb - တစ်ခုခု လုပ်ဆောင်တာ
Eg : 
He is a painter.
        He paints the house. (A.V) 

- Regular and Irregular Verbs



Transitive and Intransitive Verbs

1.Transitive Verbs (Object လိုအပ်တဲ့ Verb , ကံလို ကြိယာ )

ဥပမာ- U Zaw Zaw killed ဆိုပြီး စာကြောင်းကို ရပ်ထားလို့ မရပါဘူး။ ဒါကြောင့် Object တစ်ခုခု ထည့်ပေးမှသာလျှင် အဓိပ္ပာယ်ပြည့်စုံတဲ့ စာကြောင်းဖြစ်မှာပါ။

U Zaw Zaw killed the snake. အဲလိုမျိုး Object တစ်မျိုးမျိုးကို လိုအပ်နေမှာ ဖြစ်တဲ့အတွက် ဒီ Transitive Verbs အုပ်စုမှာ Active Voice and Passive Voice လို့ ခေါ်တဲ့ Voice ပါဝင်လာပါတော့တယ်။

U Zaw Zaw killed the snake (Active) => The snake was killed by U Zaw Zaw. (Passive)


2.Intransitive Verbs (Object မလိုအပ်)

arrive, go, lie, sneeze, sit, die, .... (action verbs)

Eg : Huffing and puffing, we arrived at the classroom door with only seven seconds to spare.

(Arrived = intransitive verb)



ဒီလောက်ပါပဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။




Thursday, February 10, 2022

(3) Adjective နာမဝိသေသန

- နာမ်စကားလုံးများရဲ့ ပုံစံကို ပေါ်လွင်အောင် ဖော်ပြရာတွင် သုံးသော စကားလုံးများ ၊ (Noun) ပုဒ် များကို အထူးပြုပြီး အထောက်အပံ့ပေးကာ ကွဲပြားအောင် ပြုလုပ်ပေးသောပုဒ်သည် (Adjective) နာမဝိသေသန ပုဒ်ဟုခေါ်ပါသည်။ မိမိ ပြောချင်သော (noun)ကို အရည်သွေးမြင့်အောင်၊ ဂုဏ်ရည် မြင့်အောင် ပြောဆိုခြင်းဖြစ်ပါသည်။

(a girl) ဆိုရင် မကွဲပြားသေးဘူး။ (မိန်းကလေး)မှန်းတော့ သိပါတယ်။ ဒါပေမဲ့ (ဘယ်လိုမိန်းကလေးအမျိုးစားမှန်းမသိရပါ။)အဲဒီ(မိန်းခလေး)ဟာ(အရပ်ရှည်သလား)(အရပ်ပုသလား)(ဝသလား)(ပိန်သလား)(လှသလား)(မလှသလား)မသိနိုင်သေးပါ။အဲဒီ(မိန်းကလေး)ဟာ(ဘယ်လိုအမျိုးစားမှန်း)သိလာနိုင်အောင် ကွဲပြားလာနိုင်အောင်(Adjective)က ဆောင်ရွှက်ပေးတာပါ။ နာမူနာ - (a girl) နဲ့ (a beautiful girl ) နဲ့ မတူနိုင်သလို (a beautiful girl ) နဲ့ (a clever girl ) ဟာမတူပါ။ (လှတဲ့မိန်းကလေးဟာ လိမ္မာချင်မှ လိမ္မာမည်။) (လိမ္မာတဲ့ မိန်းခလေး ဟာလည်း လှချင်မှ လှမည်။) အဲဒါတွေ ကွဲပြားအောင် (Adjective) ကဆောင်ရွက်ပေးပါတယ်။

Eg : Blue(Adj) sky (noun) - Noun ရှေ့မှာ adj တွေ အများကြီး ပါလို့ရ Eg : She is a beautiful , tall, thin, black-haired Burmese woman.

- Adj -သည် verb to be နဲ့ တွဲသုံးလျှင် verb ဖြစ်သွားသည်။

-a , an တွေဟာလည်း article ဖြစ်သလို adj လည်းဖြစ်ပါတယ် ။ I met a handsome boy yesterday. a book


Adj of Degree










Positive Adj

Comparative Adj

Superlative





Adj ကို level ‌အနေနဲ့

1. Word Level - တစ်လုံးတည်းရှိနေတဲ့ adj
    Stunning
    Honest     Adorable

Royal Order Of Adj
Determiner - Opinion - Size - Age - Shape - Color - Origin - Material - Qualifier or Purpose + Noun a nice young man- ငယ်‌ရွယ်တဲ့ အမျိုးသားကောင်းတစ်ယောက် D O Age N

a big black American car. - အနက်ရောင်အမေရိကန်ကားကြီးတစ်စီး D S C origin my beautiful spacious new white two-floor house. - ကျယ်ဝန်းပြီး လှပတဲ့ငါ့ရဲ့ အဖြူရောင်နှစ်ထပ်အိမ်အသစ်လေး D Opinion S Age C Shape

2.Phrase Level -(စကားစု) Adj အနေနဲ့ ပြုမူပြီးတော့ N ကို ဖော်ပြပေး 3.Clause Level -
that , where , when , who, whom , whose , which , why စတဲ့ Relative Pronoun တွေနဲ့ တွဲသုံး

Adjective အမျိုးအစားများ -

(1)proper adjective- အမည်ပြ နာမဝိသေသန (2)adjective of quantity-ပမာဏပြ နာမဝိသေသန (3)adjective of number-သင်္ချာပြ နာမဝိသေသန (4)distributive adjective- ခွဲဝေပြ နာမဝိသေသန (5)demonstative adjective- ညွှန်ပြ နာမဝိသေသန (6)possessive adjective - ပိုင်ဆိုင်မှုပြ နာမဝိသေသန (7)adjective of quality-အရည်သွေးပြ နာမဝိသေသန

(1)proper adjective- အမည်ပြ နာမဝိသေသန

Myanmar girl- မြန်မာ မိန်းကလေးတစ်ယောက် The english language- အင်္ဂလိပ်ဘာသာ The shwedagon pagoda-ရွှေတိဂုံဘုရား



(2)adjective of quantity-ပမာဏပြ နာမဝိသေသန

some whole little half enough any(အချို့ ၊အနည်းငယ်သော) sufficient no(နဲနဲမှ မတူသော) all great


(3)adjective of number-သင်္ချာပြ နာမဝိသေသန

One(တစ်ခုသော) many Two few(အနည်းငယ်သော) Three several(များစွာသော) First(ပထမ) Second Third Fourth

(4)distributive adjective- ခွဲဝေပြ နာမဝိသေသန

Each Every(နောက်တွင် အမြဲ Noun အနည်းလိုက်သည်) Either(တစ်ခု မဟုတ်လျှင်တစ်ခု) Neither(နှစ်ခု လုံးမဟုတ်)



Eg :




(5)demonstative adjective- ညွှန်ပြ နာမဝိသေသန

This , that , these , those နောက်မှာ တစ်ခါတည်း N တွဲလိုက်

This such(ထိုကဲ့သို့သော) That another(N- အနည်းလိုက်သည်) These(N- အနည်းလိုက်သည်) other Those(------။---------------)



(6)possessive adjective - ပိုင်ဆိုင်မှုပြ နာမဝိသေသန

My Their Our His Your its မှတ်ချက်။ possessive adjective နောက်တွင် အမြဲ (N) လိုက်သည်။

Eg : my computer





(7)adjective of quality-အရည်သွေးပြ နာမဝိသေသန

White brown Red grey Blue bright Black Yellow Green

Linking verb တွေနဲ့လည်း တွဲပီးတွေ့ရ Verb to be, looks , feel , seem Eg : The house is beautiful. (is - linking verb)


Quantitative Adjective - Noun ရဲ့ အရှေ့မှာ အရေအတွက်ပြပေး


Interrogative Adj




Adjective မှာ အဆင့် (၃)ဆင့် ရှိပါသည်။ Three degrees of adjective (1)positive degree - ရိုးရိုးအဆင့် (သောဟု ထွက်သည်) (2)comparative degree- နှိုင်းယှဉ်အဆင့်(ပို၍ဟု ထွက်သည်) (3)superlative degree- အမြင့်ဆုံး အဆင့် (ဆုံးဟု ထွက်သည်)


 Positive degree (‌သော)                                        

Comparative degree (ပို၍)                      

Superlative degree (ဆုံး)

Fat 

fatter

fattest

Low

Lower

lowest

Thin

Thinner

thinnest

Big

Bigger

biggest

Tall

Taller

tallest

Small

Smaller

smallest

Adj-သည် အသံ နှစ်သံ (သို့)အသံနှစ်သံထက် ထွက်နေပါက (more, most) တို့ကို သုံးရသည်။

Positive degree (ေသာ)                                        

Comparative degree (ပုိ၍)                      

Superlative degree (ဆုံး)

Beautiful

More beautiful

Most beautiful

Heavy

More heavier

Most heaviest

Popular

More popular

Most popular

Wonderful

More wonderful

Most wonderful

Careful

More careful

Most careful

Intelligent

More intelligent

Most intelligent


Adjective of adverb များလည်း ပြောင်းလဲမှုများလည်း ရှိပါသည်။

Positive degree (ေသာ)                                        
Comparative degree (ပုိ၍)                      
Superlative degree (ဆုံး)
quickly
More quickly
Most quickly
widely
More widely
Most widely
easily
More easily
Most easily

အလွတ်ကျက်မှတ်ထားရန်။ Adjective degree(သုံးဆင့်) ပြောင်းလဲမှုမှာ မတူသောကြောင့် အလွတ်ရအောင် ကျက်ထားရမည်။

Positive degree (ေသာ)  (D-1)                                      
Comparative degree (ပုိ၍)  (D-2)                    
Superlative degree (ဆုံး) (D-3)      
Good
Better
best
well
Better
best
Bad
Worse
worst
badlay
Worse
worst
Far
Farther
farthest
far
Further
Furthest
Late
Later
Later or latest
Little
Less
least
Many
More
most
much
More
most
some
More
most

အဆင့် သုံးဆင့်လေးကို ပြောင်းကြည့်ကြရအောင် ဘယ်လိုသုံးလဲ ဆိုတာ ကျောင်းသူကျောင်းသားတွေ ဖြေဆိုရ ခက်တဲ့ အထဲမှာပါတဲ့ Grammar exercise လေးပါပဲ သုံးခုလုံးကို degee (1)ကနေ (2)ကနေ(3)ကို အဆင့်ဆင့် ပြောင်းခိုင်းတာဖြစ်ပါတယ်။ပုံသေးနည်းလေး သိရင် ဒါလေးက လွယ်လွယ်လေးပါ။ကျွန်တော် ကျောင်းသားဘဝက သင်ခဲ့ရတဲ့ ပုံစံလေးပါပဲ--- Positive degree (D-1) အတွက် Formula ပါ *subject +verb to be +negative(not) +as---D1----as + subject -အတို ပုံစံလေး ရေးလိုက်ပါမည်။ N1 +is+not+as D1 as +N2 Eg(1)my uncle is not as tall as my father. comparative degree (D-2) အတွက် Formula ပါ (subject နှစ်ခုကို နှိုင်းယှဉ်သည့်အတွက် than ပါလာသည်ကို သတိပြုပါ) *subject +verb to be + more (or) D-2 +than +subject -အတို ပုံစံလေး ရေးလိုက်ပါမည်။ N2+is+more (or) D2+than+N1 Degree (1) ကနေ (2)ကိုပြောင်းကြည့်ကြမယ်။ Eg(1)my uncle is not as tall as my father. My father is taller than my uncle. Eg(2)Tin Tin is not as intelligent as Khin Khin. Khin Khin is more intelligent than Tin Tin. Superlative degree (D-3) အတွက် formula ပါ *subject+verb to be+ the +D-3 +Noun + place-အတို ပုံစံလေး ရေးလိုက်ပါမည်။ N+is+the+D3+N+P Degree (3)ကနေ (1) ပြောင်းကြည့်ကြမယ်။ formula လေးနဲ့ ပဲ လုပ်ကြည့်ကြပါ့မယ်။ D3 to D1 – There is no +----နဲ့ရေးသည်ကို သတိပြုပါ။ N+is+the+D3+N+P (D-3 formuala) There is no + N(အနည်း)D3 နောက်က N ကိုရေးပါ +place + as D1 as + subject ဥပမာလေးတွေ ကြည့်ရင်းရှင်းသွားပါမည်။ Eg(1) The Shwedagon is the greatest pagoda in Myanmar. There is no pagoda in Myanmar as large as the shwedagon. ဒီလောက်ဆိုရင်တော့ degree တွေ ဘယ်လို့ပဲ ပြောင်းရေးချင်ဆိုတာ ရေးတတ်သွားပါပြီ။ ကိုယ်ရေးချင်တဲ့ sentence လေး ပိုပြီးတော့ အသက်ဝင် လှပါသွားအောင် ဒီလို degree လေး သုံးပြီး ရေးကြည့်လိုက်ရင် ပို မကောင်းဘူးလား။ ချင်းတွင်းမြစ်သည် ဧရာဝတီကဲ့သို့ မရှည်ပါ။ The Chindwin river is not as long as Ayeyarwady river. ဒါလေးကို ပိုပြီ စာဖတ်တဲ့သူ စိတ်ဝင်စားလာအောင် ရေးကြည့်ကြမယ်။

ဧရာဝတီမြစ်သည် ချင်းတွင်းမြစ်ထက် ပို၍ ရှည်တယ်။ The Ayeyarwady river is longer than Chindwin river. မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကဲ့သို့ ရှည်သော မြစ် မရှိပါ။ There is no rive river in Myanmar as long as the Ayeyarwady. ဧရာဝတီမြစ်သည် မြန်မာနိုင်ငံမှာ အရှည်ဆုံးသော မြစ်ဖြစ်သည်။ The Ayeyarwady is the longest river in Myanmar. မှတ်ချက်။ as ---D1---as(ကြားတွင် D1 အမြဲလိုက်သည်) The + D3+N( ကြားတွင် D3 အမြဲလိုက်သည်) There is no + N(အနည်း) (Noun -အနည်း အမြဲလိုက်သည်)



ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။