Wednesday, May 25, 2022

(4) Verb ကြိယာ

Verb => လုပ်ဆောင်မှု့ (Action)၊ ဖြစ်တည်မှု့ (State of being)၊ ဖြစ်ရပ် (Occurrence) ကိုပြတဲ့စကားလုံး

Mg Mg plays football . လုပ်ဆောင်မှု့ကိုပြ

Myanmar is a country. ဖြစ်တည်မှု့ကိုပြ

ဝါကျ တစ်ကြောင်းမှာ ကြိယာက အဓိက ကျပါတယ်။ ကြိယာတစ်လုံးတည်းနဲ့ပြည့်စုံသွားတဲ့ ဝါကျတွေရှိပါတယ်။ ဥပမာ - come! လာခဲ့             eat! - စား             go! - သွား


Types of Verbs

- Action Verbs
- State Verbs
- Helping / Auxiliary Verbs
- Modal Verbs
- Regular and Irregular Verbs
- Transitive and Intransitive Verbs


- Action Verbs

        လုပ်ဆောင်ချက်ကိုပြ
        Action Verbs တွေဟာ အစ ၊ အလယ် ၊ အဆုံး ရှိတယ်။ (ကိစ္စတစ်ခုဆို ပီးဆုံးတဲ့ အခြေအနေရှိတယ်)
1. Physical Verbs -
        လုပ်ဆောင်မှု့ကို ပြ
        Eg : eat , kick , drive , catch, run

2. Mental Verbs
        စိတ်ပိုင်းဆိုင်ရာ
        Eg : think


- State Verbs

        လှုပ်ရှားမှု့ထက် ဖြစ်တည်မှု့တွေ ၊ အခြေအနေတွေကို ပြပေး
Eg : Canada is a country.         They like soccer.         I have a sister.

  • perception (know , see) - ကိုယ်ဖာသာ သိမြင်သော ဉာဏ် 
  • opinion (think , agree) - ထင်မြင်ချက်ကို ပြတာ
  • senses (smell, taste) - အာရုဏ်ခံစားမှု့ကို ပြ 
  • emotion(love, need) - ခံစားချက်ကို ပြ 
  • possession (belong , include) - ပိုင်ဆိုင်မှု့ကို ပြ 
  • state of being (be , have) - ဖြစ်တည်မှု့ကို ပြ
            ဒါတွေ အကုန် လုံးဟာ State Verbs ထဲမှာ ပါပါတယ်။ 
* State Verbs တွေဟာ များသောအားဖြင့် continuous form မှာ အသုံးမ ပြုပါဘူး ။ 

- Helping / Auxiliary Verbs

        - main verbs ကို ကူပေး 

အဓိက သိထားရမည့် အချက် (၃)ချက် => 
1. be , do , have တွေက verb's tense (လုပ်ဆောင်တဲ့အချိန်)
past , present,  future လားဆိုတာကိုပြဖို့ main verb ကို ကူပေးပါတယ်။ 
negative sentence နဲ့ question တွေဖွဲ့တဲ့အခါမှာလည်း main verb ကိုကူပေးပါတယ်။

2. 
be => continuous tense
do => simple tenses
have => perfect tenses

3. be , do , have ကို main verb နဲ့ helping verb အနေနဲ့ပါသုံးလို့ရပါတယ်။

        be / do / have + main verb -> verb's tense / negative / question
        
Verb to "be" => be , been , am , are , is , was , were Verb to "Do" => do , does , done , did Verb to "Have" => have , has ,had
Modal Verbs => can , could , will , would , shall , should, may , might , must


Verb to "be" => be , been , am , are , is , was , were
     be + main verb -> verb's tense / negative / question

Eg : Canada is a country.
                  (main verb , not helping verb)
        
        Oscar is studying now.
                (is = helping Verb) (studying = main verbs)
* Verb to "be" တွေရဲ့ နောက်မှာ အမြဲ V-ing form လိုက်ပေးရပါတယ်။

-- “be” သီးသန့်ဆိုရင် အင်္ဂလိပ်လို Infinitive လို့ ခေါ်ပါတယ်။ သူ့ကို Tense တွေ ခွဲပြီး လိုသလို အသုံးပြုကြတာပါ။
ဒါကြောင့် • Present Tense အနေနဲ့ဆို am, is, are • Past tense အနေနဲ့ဆို was, were • Perfect Tense အနေနဲ့ဆို have been (present perfect), had been (past perfect) • Continuous Tense အနေနဲ့ဆို am, is, are + V-ing (present), was, were + V-ing (past) • Future Tense အနေနဲ့ဆို will + be ဆိုပြီး လိုအပ်သလို စနစ်တကျ ခွဲခြားအသုံးပြုလေ့ရှိပါတယ်။


Eg :
I am a teacher.
I am teaching.

He was at home.
He was watching TV.
They were studying yesterday.
They are studying now.


- BE ရဲ့ မူလ အဓိပ္ပာယ်က နှစ်မျိုးရှိပါတယ်။

1. အသက်ရှင်ရပ်တည်မှုကို ဖော်ပြပြောဆို (မြန်မာလို "ရှိ" ဆိုတဲ့စကားလုံးနဲ့ ပြောနိုင်တဲ့အတွက် "have" နဲ့ ရောထွေး တတ်တာပါပဲ။ ဒါကြောင့် "be" ဆိုတာ အသက်ရှင်ရပ်တည်တာ၊ အကောင်အထည် ရုပ်ဒြပ်နဲ့ တည်ရှိနေတာ.... အင်္ဂလိပ်လို "exist" ကို ပြောတာပါ။ "have" ဆိုတာက ပိုင်ဆိုင်တာ.. အင်္ဂလိပ်လို "possess" ကို ပြောတယ်ဆိုတာ ကွဲကွဲပြားပြား နားလည်ထားဖို့ လိုအပ်ပါတယ်။ - I think; therefore I am.(အသက်ရှင်၊ ရုပ်ဒြပ်နဲ့ ရပ်တည်) - I am here. (တည်ရှိ) - I have a car. (ပိုင်ဆိုင်မှု) - I have children. (ပိုင်ဆိုင်မှု) - He is in the next room.(တည်ရှိ) - You are in my house now. (မင်း ငါ့အိမ်ထဲကို ရောက်နေပြီလို့ ဆိုလိုခြင်း- တည်ရှိနေတာကို ပြတာပါ။) - You have your problems. (ပြဿနာ တွေကို လက်ဝယ်ပိုင်ဆိုင် ဖြေရှင်းနေရတာ) - We will not be at home tomorrow. (ရှိခြင်း၊ မရှိခြင်း) - We will have a house of our own next year. (ပိုင်ဆိုင်ရတော့မယ်ဆိုတာ ပြခြင်း)

2.     ငါ၊ သူတစ်ပါး၊ ယောင်္ကျား ၊ မိန်းမ စသည်...(ဖြစ်ကြောင်းပြ) - I am a vegetarian. - I am twenty-one. - I will be twenty-two next Monday. - We are Myanmars. - She is my wife. - She is five years my junior. - Anawrahta was a great king. အထက်မှာ သုံးပြခဲ့တဲ့ အကြောင်းအရာများသည် "ဖြစ်တယ်" ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးထားတာဖြစ်ပါတယ်။
"ဖြစ်တယ်" လို့ ပြောမရတဲ့ အခြေအနေတွေမျာတော့ "Be" ကို Adjective နဲ့ တွဲသုံးပေးရပါတယ်။ ဥပမာ- - Mi Mi is beautiful. - U Pwa is very rich. - I am unlucky. - You are quite young.


- be နဲ့ မှားယွင်းတတ်တဲ့ Have ရဲ့ ပင်မအဓိပ္ပာယ်က ပိုင်ဆိုင်တာ ဖြစ်တယ်။ အကူကြိယာအဖြစ်သုံးရင်တော့ Past Participle ထားလိုက်ရင် Perfect Tense ဖြစ်ရတယ်။ - I have seen this awful film. (ကြည့်ပြီးပြီ) - The boat had gone before we came. (သင်္ဘောထွက်သွားပြီး အခြေအနေ) ဒီတော့ "Be" ကို Past participle ရှေ့က ထားရင် Passive Voice ဖြစ်ပြီးတော့... "Have" ဆိုရင်တော့ Perfect Tense ဖြစ်သွားတာကို မရောထွေးအောင် သေသေချာချာ မှတ်သားထားဖို့ လိုအပ်ပါတယ်။ ဥပမာ- - He is told to leave at once. (Passive) - He has told me to leave at once. (Perfect)

"Be" ကို "have" နဲ့ တွဲပြီး Present Perfect Tense မှာ သုံးရင် "တစ်နေရာရာကို ရောက်ခဲ့တယ်၊ ရောက်ဖူးတယ်၊ သွားပြီး ပြန်လာတယ်" လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဥပမာ- - Where have you been? I have been to Bagan. (ရောက်ခဲ့) - I have been to Katha several times. (ရောက်ဖူး) - Have you been to Poppa? (ရောက်ဖူးလား) ဒီနေရာမှာ မြန်မာလို "ရောက်" လို့ သုံးပေမဲ့ အင်္ဂလိပ်လို "arrive" မသုံးရတာကို သတိပြုပါ။

- "Be" ကို Perfect မှာ သုံးတာနဲ့ "gone" ကို Perfect မှာသုံးတာ ခြားနားကွဲပြားပုံကိုလည်း သတိပြုစေချင်ပါတယ်။ - U Thutaw has gone to Mandalay. (သွားတာ...ပြန်မရောက်သေး) - They have gone to Taunggyi. (သွားတာ.... ပြန်မရောက်သေး) ပြန်ရောက်တဲ့ အခြေအနေကို ပြောချင်ရင်တော့ ...(သွားခဲ့နေရာကို ရောက်ခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်) - U Thutaw has been to Mandalay. (ရောက်ခဲ့တယ်) - We have been to Taunggyi. (ရောက်ခဲ့တယ်) အလားတူပါပဲ- - Has the newspaper boy come? (ရောက်နေပြီးလားလို့ မေးခြင်း) - Has the newspaper boy been? ( လာပြီး ပြန်သွားပြီလားလို့ မေးတာ)

Verb to "be" နဲ့ ပတ်သက်လို့ အခု ရှင်းပြခဲ့သမျျကို အတိုချုပ် ပြန်ကောက်ရရင်..... 1. Be ရဲ့ အဓိပ္ပာယ်က အသက်ရှင်ရပ်တည်တာ၊ ဘယ်သူဘယ်ဝါ ဘာဘာညာညာဖြစ်တာ။ 2. Have ရဲ့ အဓိပ္ပာယ်က ပိုင်ဆိုင်တာ 3. Be နဲ့ adjective တွဲတယ်။ 4. Be နဲ့ V-ing တွဲရင် Present Continuous Tense ဖြစ်တယ်။ 5. Be နဲ့ Past Participle (V-3) တွဲရင် Passive ဖြစ်တယ်။ 6. Have နဲ့ Participle (V-3) တွဲရင် Perfct ဖြစ်တယ်။ 7. Have been ဆိုတာ သွားပြီး ပြန်ရောက်တာကို ပြောတာပါ။
Verb to "Do" => do , does , done , did
* do , does , did နောက်မှာ V1 လိုက်ပါတယ် ။
            do + main verb -> verb's tense / negative / question

Eg : I do my homework. She did not study. Did she study? She did study. (သူမ စာလုပ်ခဲ့တာ သေချာတယ်) - သေချာတယ် ဆိုတဲ့ နေရာမှာ သုံး
He did go to school. He didn't go to school. Did he go to school?

Verb to "Have" => has , have , had
* Verb to "Have" နောက်မှာ past participle/V3 လိုက်ပေးရပါတယ်။

            do + main verb -> verb's tense / negative / question

- ရှိတယ် ၊ ပိုင်ဆိုင်တယ် Eg : They had a dog. (သူတို့မှာ ခွေးတစ်ကောင်ရှိခဲ့တယ်) - အစားအသောက်တွေ နဲ့ သုံး Eg: They have had dinner. (သူတို့ညစာ စားပြီးသွားပီ) -အတွေ့အကြုံရခဲ့တယ် Eg: I have had a nice time.

Eg : I have been to France.         I haven't been to France.         Have you been to France?
        Tim has visited Australia two times.         We had seen Kathy last week.

Future Tense
Future Tense ကိုလည်း be , do , have ကိုပဲ သုံး



Modal Verbs => can , could , will , would , shall , should, may , might , must

    
        - Helping Verbs အမျိုးအစားတွေ ဖြစ်တယ်

        - အကြံအစည် ရည်ရွယ်ချက် ၊ တောင်းဆိုမှု့ ၊ လုပ်ဆောင်နိုင်မှု့ ၊ ခွင့်ပြုချက် ၊ လိုအပ်ချက် ၊ ဖြစ်နိုင်ချေတွေကို ပြတဲ့အခါမှာသုံး 

    

Linking Verbs
      - Linking verb - တစ်စုံတစ်ခုကို ဖော်ပြတာ     - Action verb - တစ်ခုခု လုပ်ဆောင်တာ
Eg : 
He is a painter.
        He paints the house. (A.V) 

- Regular and Irregular Verbs



Transitive and Intransitive Verbs

1.Transitive Verbs (Object လိုအပ်တဲ့ Verb , ကံလို ကြိယာ )

ဥပမာ- U Zaw Zaw killed ဆိုပြီး စာကြောင်းကို ရပ်ထားလို့ မရပါဘူး။ ဒါကြောင့် Object တစ်ခုခု ထည့်ပေးမှသာလျှင် အဓိပ္ပာယ်ပြည့်စုံတဲ့ စာကြောင်းဖြစ်မှာပါ။

U Zaw Zaw killed the snake. အဲလိုမျိုး Object တစ်မျိုးမျိုးကို လိုအပ်နေမှာ ဖြစ်တဲ့အတွက် ဒီ Transitive Verbs အုပ်စုမှာ Active Voice and Passive Voice လို့ ခေါ်တဲ့ Voice ပါဝင်လာပါတော့တယ်။

U Zaw Zaw killed the snake (Active) => The snake was killed by U Zaw Zaw. (Passive)


2.Intransitive Verbs (Object မလိုအပ်)

arrive, go, lie, sneeze, sit, die, .... (action verbs)

Eg : Huffing and puffing, we arrived at the classroom door with only seven seconds to spare.

(Arrived = intransitive verb)



ဒီလောက်ပါပဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။




No comments:

Post a Comment

Thank Q your comment.