Thursday, February 10, 2022

(2) Pronoun - နာမ်စား

- နာမ်၏ အစားသုံးသော ပုဒ်ကို Pronoun (pr) နာမ်စားလို့ ခေါ်ပါသည်။ Subject -ပြုလုပ်သူ (ကတ္တား)ကို ထပ်ခါ တစ်လဲလဲ မသုံးပဲ pronoun (နာမ်စား)လေးသုံးပြီးရေးခြင်းဖြစ်ပါသည်။

(girl)ဆိုတဲ့(မိန်းကလေး)ရဲ့အစား(She)ကိုသုံးတယ်။

(boy)ဆိုတဲ့(ကောင်လေး)ရဲ့အစား(He)ကိုသုံးတယ်။

(dog)ဆိုတဲ့(ခွေး)ရဲ့အစား(it)ကိုသုံးတယ်။

(girl)ရယ်(boy)ရယ်(dog)ရယ်။ ဆိုတဲ့(အများ(၃)ခုပေါင်း) ရဲ့အစား(They)ကိုသုံးတယ်။

A girl is beautiful  <-> She is beautiful.

A dog is lovely.  <-> It is lovely.

 Eg(1)Mg Mg is helping Mg Mg’s mother. 

ဒီစာကြောင်းမှာဆို sentence တစ်ခုတည်းကို Mg Mg ဟာ နှစ်နေရာဖြစ်နေပါတယ်။အဲ့ဒါကို Pronoun ပြောင်းပီးသုံးပေးရပါမယ်။

Mg Mg is helping his mother.

အခုလို pronoun (နာမ်စား)လေး သုံးလိုက်တဲ့အတွက် စာကြောင်းကလဲ မှန်သွားပါသည်။ 

Pronounအမျိုးအစားများ -



Subject တွေကို ပြန်ပီး ရည်ညွှန်း , အထူးပြု 





 

Direct to indirect speech ပြောင်းရာတွင် ဇယားလေး ကို ပိုင်နိုင်စွာ သိထားမှသား ကောင်းစွား ပြောင်းနိုင်ပါသည်။

I.we.you.you.they)(၅)လုံးတို့ကို (do, do not, don't, have, have not, haven't) တို့နှင့်တွဲသုံး တွဲရေး တွဲပြောရမည်။

(He. She. It) (၃)လုံးတို့ကို  (does, does not, doesn't, has, has not, hasn't) တို့နှင့်တွဲသုံး တွဲရေး တွဲပြောရမည်။

နာမ်စားကို - 

1.Demonstrative pronoun (ညွှန်းပြနာမ်စား)

this-ဒီဟာ- အနီ

that-ထိုဟာ-အဝေး

theses- ထိုဟာများ (အများ)-အနီးတွင်

those-ထိုဟာများ(အများ)-အဝေးတွင်



2.Distributive pronoun (ခွဲဝေပြ နာမ်စား)

either- (တစ်ခုခု) ,neither-( တစ်ခုမှ မဟုတ်)


3.Indefinite pronoun( သာမည နာမ်စား)  - အတိအကျမရှိ 

some,few,none,such,many,any,other,others


one , body , thing ဆိုတာနဲ့ ဆုံးတာတွေကို sigular နဲ့ပဲသုံးရ 


Eg(1)this is my book.(ပိုင်ဆိုင်မှုပြ)

    (2)this book is mine.(မိမိပိုင်ဆိုင်မှုကို ပြ)

ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, February 9, 2022

(1) Noun နာမ်

-  Noun နာမ် ဆိုတာက လူ ၊ တိရစ္ဆာန် ၊ အရာဝတ္ထုနဲ့ နေရာတို့ရဲ့ နာမ(အမည်)တွေကို ခေါ်တာပါ ။ လောကမှာ ရှိရှိသမျှ အမည်နာမ ဟူသမျှကို (Noun) နာမ်ပုဒ်  ဖြစ်ပါသည်။ 
Eg : Su Su , school , men , crowf , class , rock , house , love 

Noun နာမ် အမျိုးအစားများ 

    1.Proper Nouns - တစ်ဦးဆိုင်နာမ် 

    2.Common Nouns - အများဆိုင်နာမ် 

    3.Collective Nouns - အစုအဝေးပြ နာမ်

    4.Concrete Nouns - ထိတွေ့ကိုင်တွယ်လို့ရတဲ့ Nouns 

    5.Abstract Nouns - ထိတွေ့ကိုင်တွယ်လို့မရတဲ့ Nouns

    6. Countable Nouns - ရေတွက်လို့ ရတဲ့ Nouns

    7.Uncountable Nouns - ရေတွက်လို့ မရတဲ့ Nouns

1.Proper Nouns - တစ်ဦးဆိုင်နာမ် 
Eg : Shan State , America , Myanmar , Tun Tun
* Proper Nouns တွေကို ရေးတဲ့အခါမှာ ပထမ စာလုံးဟာ အကြီးတွေနဲ့ပဲ ရေးရပါတယ်။

 2.Common Nouns - အများဆိုင်နာမ် (အမျိုးတူ ပစ္စည်း လူသူ တို့ကို ဘုံသဘော ခေါ်သောအမည် များ )
Eg : dog , table , river , country




3.Collective Nouns - အစုအဝေးပြ နာမ် (အစုအပေါင်းကို နာမည် တစ်ခု ပေးပြီးခေါ်ခြင်း)
Eg : group , class , staff , crowd

အစုအဖွဲ့တွေကို  အောက်ပါအတိုင်းရေးပါသည်၊
  1. a group of  young girls      =       မိန်းမငယ် တစ်စု
  2. a flock of sheep                =       သိုးတစ်အုပ်
  3. a bunch of bananas           =       ငှက်ပျောသီး တစ်ခိုင်
  4.  a pair of pants                  =       ဘောင်းဘီရှည် တစ်ထည်
  5. an army of soldiers           =       စစ်တပ်တစ်တပ်
  6. a class of pupils                =       တပည့်များ၏ စာသင်ခန်းတစ်ခန်း
Uploading: 120025 of 120025 bytes uploaded.


 4.Concrete Nouns - ထိတွေ့ကိုင်တွယ်လို့ရတဲ့ Nouns (တစ်ခု နှစ်ခု ဟူ၍ ပိုင်းခြား လို့မရသော ရေ -လေ -မြေ - သတ္တု - သစ်သား တို့လို အခြေခံ ပစ္စည်း များကို Material Nouns ခေါ်သည် ။)

Eg : rice , sugar , meat , food


5.Abstract Nouns - ထိတွေ့ကိုင်တွယ်လို့မရတဲ့ Nouns (ရုပ်ဝတ္တု ပစ္စည်း မရှိဘဲ စိတ်ကူးနှင့်သာ ဖော်ပြ၍ ရသော သဘောမျိုးကို ဖော်ပြခြင်း ၊အကောင်အထည် မရှိ ၊ မမြင်ရသော နာမ်များ ( စိတ္တဇနာမ် )

Eg : happiness , sorrow , childhood , honesty 


တကယ်တော့ အင်္ဂလိပ်သဒ္ဒါမှာ နာမ်ကို အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာထက် အရေးကြီးတာက နာမ်တစ်ခုကို ရေတွက်လို့ရသလား မရဘူးလားဆိုတာက ပိုပီး အဓိကကျပါတယ်။ အဲ့ဒါဆို ရေတွက်လို့ရတဲ့ (Countable Noun - CN ) နဲ့ ရေတွက်လို့မရတဲ့ (Uncountable Noun - UN) ကို လေ့လာကြည့်ရအောင်။


-အများဆိုင်နာမ်(Common Nouns) နဲ့ အစုအဖွဲ့ပြနာမ်(Collective Nouns)တွေဟာ Countable Noun ပါ ။ (တစ်ခု နှစ်ခုဆိုပီး ရေတွက်လို့ရတာပေါ့)
-တခြားကျန်တဲ့ တစ်ဦးဆိုင်နာမ် (Proper Nouns) ၊ ထိတွေ့ကိုင်တွယ်လို့ရတဲ့ Nouns (Concrete Nouns) ၊ ထိတွေ့ကိုင်တွယ်လို့မရတဲ့ Nouns(Abstract Nouns) တွေကတော့ Uncoutable Noun ပါ။ Singular သာ ရှိပါတယ် ။ 
* အလေးထားကာ အုပ်စု ခွဲ   UN /  CN ပါ။
- ရေတွက်လို့ ရတယ် ၊ မရဘူးဆိုတာကို မသဲကွဲရင် some ကို သုံးလို့ရပါတယ်။



Uncountable Nouns 
တစ်ခု နှစ်ခု ကိုင်တွယ် ရေတွက် ၍ မရသော နာမ်ပုဒ်(Uncoutable Noun)များကို အများကိန်းပြောင်း၍ မရပါ ၊ စိတ္တဇ နာမ်များ ( စိတ်ထဲမှာသာရှိပြီး ၊ ရုပ်ဝတ္တု အကောင်အထည် မရှိတဲ့နာမ် များ) ကိုလည်း ရေတွက်လို့ မရပါဘူး၊ အကယ်၍ အများကိန်းပြုလုပ်လိုလျှင် ၄င်းတို့ရှေ့ မှ
1.       some
2.       much
3.       all 
4.       a lot of
5.       plenty of
6.       a piece of 
7.       a bottle of
8.        a pot of
9.       a tin of
10.     a packet of 
 11.    a bowl of 
12.     a slice of  စသဖြင့်  များထည့်၍ အများကိန်းပြုလုပ်နိုင်ပါသည်။

ရေတွက်၍ မရသော နာမ် များလို့ လွယ်လွယ် နဲ့ ပြောလိုက်ပေမယ့် -လက်တွေ့ မှာနည်းနည်းတော့ အခက်အခဲတွေ့နိုင်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ -တစ်ချို့ အင်္ဂလိပ်စာလုံးတွေဟာ မြန်မာ တွေ အနေနဲ့ -ရေတွက်လို့ ရတယ်လို့ထင်မှတ်မှားတာ မျိုးတွေ ရှိပါတယ်၊ ဥပမာ - စက္ကူ တို့ ၊ပေါင်မုန့် တို့ ၊ ပိုက်ဆံတို့ပေါ့။
paper  , money ,bread   တွေ ဟာရေတွက်လို့ မရပါဘူး၊
medicine  =ဆေးပညာ UN ( ဒါမှမဟုတ်) ဆေးဝါး CN  ရှိတယ်ဆိုတာရော မှတ်ထားရမည်။

   Uncountable Noun အချို့ ကဗျာ

ရေတွက် မရ  နာမ်အချို့ ၊                                             ငါ တို့ မှတ်ကြစို့ ၊
အကြံဉာဏ် ဟာ advice                                               အဲ ဒါ မှတ်ထားလိုက် ၊
တွင်း နှိုက်ရတဲ့ ရတနာ ၊                                               gold  , silver , ruby  ပါ ၊
အသိပညာသတင်းပေး ၊                                               information ,  knowledge  လေး ၊
 coffee , tea  လေးခပ်ခါးခါး ၊                                        sugar  , flour ,  နို့ -အသား ၊ *( milk , meat )
money  များက ငွေ ပိုက်ဆံ ၊                                         soap , fruit  ,  fish  ကိုမှတ်ကြ ရန်၊
ဖန် -မှန် -သစ်သား (*  glass , wood ) ၊ အဝတ်အစား၊        clothing  , cloth  ကိုမှတ်ပါလား၊     
အစားအစာ  food  ,  rice  , bread   ၊                            မြေဖြူ  chalk  ကိုပျက်အောင်ဖျက် ။
အိမ်ပေါ် ထက်က ပရိဘောဂ ၊                                        furniture  လို့ခေါ်တယ်ဗျ၊
ရှင်းကြ ခုတ်ကြ  grass  မြက်လေး ၊                                 hair  ဆံပင်မွေး ၊
ဆေးလိပ်ဆေးက   tobacco   ၊                                      rain   ဆိုတာက မိုး ၊
အကျိုး ရှိတာ ရေ -လေ ပေါ့ ၊                                         air ,  water  ,  မှတ်လိုက်ပေါ့၊
 salt   ဆား  paper,news ,butter ,                               ရေတွက် မရပါ ၊
သာသာယာယာ  ရှုမျှော်ခင်း ၊                                        scenery  နဲ့ stone   ကိုသွင်း ၊
ဘာဟင်းဖြစ်ဖြစ် မှတ်လို့ထား ၊                                       ဝက် သား ၊ အမဲသား beef  ,pork များ၊
 garlic  ကိုလဲ မမေ့နဲ့ ဗျို့ ၊                                           ကြက်သွန်ဖြူ လို့ မှတ်လိုက်စို့ ၊
ငါတို့ မှတ်စရာ စုံပြီ လား  ၊                                            Uncountable Noun   တဲ့ ဗျား ။

- fish   နဲ့ fruit  ဟာ  Uncountable Noun   ဖြစ်သွားပါတယ် ။ စားစရာ အနေနဲ့ ပြောရင် UN ဖြစ်ပီး တစ်ခု ၊ နှစ်ခု အနေနဲ့ပြောရင် CN ဖြစ်သွားပါတယ် ။

- glass - ဖန်သား - မှန်သားကိုပြောရင်   glass  ဟာ  Uncoutable Noun  ပါ ၊ ဖန်ခွက်ကိုပြောရင်တော့ Countable Noun  ပါ ။


‌ရေ ရေက်လို့ မရတဲ့  အရာတွေကို အကြောင်းကြောင်းကြောင့်  ရေတွက်စရာ ဖြစ်လာတယ် ဆိုကြပါစို့ ၊  ရေတွက်နိုင်တဲ့ ပစ္စည်းတစ်ခု နဲ့ အောက်မှာ နမူနာ ပြထားသလို တွဲ သုံးရပါတယ်။

ပေါင်မုန့်တစ်လုံး                   =       a loaf of  bread

နို့တစ်ခွက်                          =       a glass of  milk

ရေတစ်ခွက်                        =       a glass of  water

အကြံဉာဏ်တစ်ခု                 =       a piece of advice

ဆပ်ပြာအပိုင်းအစ                =       a piece of  soap

ကြိုးတစ်ချောင်း                    =       a piece of  string

ရေ နှစ်ပုလင်း                     =       two bottles of water

ပေါင်မုန့် သုံးချပ်                   =       three slices of bread 

ရွှေ နှစ်ကီလို                      =       two kilos of gold 

ဆန် ၅၀၀ ဂရမ်                   =       500 grams of rice 

 စက္ကူစများ                        =       some pieces of paper 

ဓာတ်ဆီအမြောက်အများ       =       a lot of petrol 

သကြားငါးဇွန်း                     =       five spoons of sugar 

ကော်ဖီတစ်ခွက်                   =       a cup of coffee

နွားနို့အမြောက်အများ           =       much milk

ဓာတ်ဆီ ၂၀ လီတာ              =       twenty litres of petrol

မြေဖြူတစ်ချောင်း                 =       a piece of chalk

ဟင်းချိုတစ်ခွက်                   =       a bowl of soup

မင်အိုးတစ်လုံး                    =       a pot of ink

ဆပ်ပြာတစ်တုံး                   =       a cake of soap

ငါးတစ်တုံး                         =       a piece of fish

ကြက်သားတစ်တုံး                =       a piece of chicken

ကော်ဖီမှုန့်တစ်ဗူး                =       a tin of coffee 

လက်ဖက်ခြောက်တစ်ထုပ်      =       a packet of tea

သကြားတစ်ထုပ်                  =       a packet of sugar

ရေ နှစ်ခွက်                        =       two glasses of water

လက်ဖက်ရည်သုံးခွက်           =       three cups of tea

သကြားတစ်ဆယ်သား           =       ten ticals of sugar

ရွှေတစ်ဆယ်သား                 =       ten ticals of gold

ရေခဲ နှစ်တုံး                       =       two lumps of ice


မေးခွန်း=>

Counatble Nouns အတွက် how many ကို သုံး

Eg : How many pencils?

        How many rabbits?


Uncounatble Nouns အတွက် how much ကို သုံး

Eg : How much water?

        How much rice?

ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

Eight Parts of Speech - ဝါစင်္ဂ(၈)မျိုး

အင်္ဂလိပ်စာ လေ့လာမယ်ဆိုရင် Eight part of speech - မြန်မာလို ဝါစင်္ဂ(၈)မျိုး ကို အခြေခံကနေစပီး လေ့လာရပါမယ် .... 
ဥပမာ စာကြောင်း တစ်ခု ပြောပြပါ့မယ်

အင်း မိသားစုနဲ့ ကျတော် နှစ်တိုင်း ထိုင်းနိုင်ငံကို သွားပီး လှတဲ့နေရာတွေကို လည်ချင်မိတယ်

Ah! I wish my family and I could go to Thailand and visit beautiful places every year.

Ah! - interjection

family, Thailand , places- noun

and  - conjunction

I,my- pronoun

wish , go , visit - verb

to - preposition

beautiful - adjective

every year - adverb


english စာကြောင်းမှာ eight parts of speech ဟာ (၈)မျိုးလုံးမဟုတ်တောင် အနည်းဆုံး ၂ နဲ့ တည်ဆောက်ထားပါတယ်.. ဘာတွေလဲ အတူတူလေ့လာကြမယ်နော်...


Eight parts of Speech ဝါစင်္ဂ(၈)မျိုး

(1) Noun နာမ်
(2) Pronoun နာမ်စား
(3) Adjective နာမဝိသသေန
(4) Verb ကြိယာ
(5) Adverb ကြိယာဝိသေသန
(6) Preposition ဝိဘက်/ညွန်ပြ
(7) Conjunction စကားစပ်
(8) Interjection အာမေဋိတ်


(1) Noun(N) - နာမ်
- အမည်မှည့်ခံရသော ၊ နာမည်ပေးလို့ရတာသော စကားလုံးများ ၊ 
ဥပမာ - men , dog , house

(2) Pronoun(pron) - နာမ်စား
- (Noun)နာမ်စကားလုံးများရဲ့ အစားသုံးရသော စကားလုံးများ
ဥပမာ - I , we , You, You ,He , She , It ,They


(3) Adjective (Adj) - နာမဝိသေသန {သော}နဲ့ဆုံးသောစကားလုံး
-Noun ကို information ပေးတဲ့စကားလုံးတွေ 
ဥပမာ - good , bad, happy


(4) Verb (V) ကြိယာ {သည်} နဲ့ဆုံးသောစကားလုံး
-  လုပ်ဆောင်မှု့ ၊ ဖြစ်တည်မှု့ ၊ တခုခုဖြစ်နေမှု့ကိုပြတဲ့စကားလုံးများ ၊ {သည်} နဲ့ဆုံးသောစကားလုံး ပြုမှုလုပ်ရှားသော ပုဒ်ကို (Verb ) ကြိယာပုဒ် ဖြစ်ပါသည်။

{သည်} နဲ့အဆုံးသတ်သောစကားလုံးမှန်သမျှကို (Verb) ကြိယာပုဒ် တွေပါပဲ။

ဥပမာ - go , come ,eat

(5) Adverb (Adv) - ကြိယာဝိသေသန (အများစုအားဖြင့်{စွာ ၊ နှစ်လုံးထပ်} ) နှင့်ဆုံးသောစကားလုံး 
- verb , adj , advအချင်းချင်း တွေကို အထူးပြုတဲ့ စကားလုံးများ ၊ -(Verb) ပုဒ် များကို အထူးပြုပြီး အထောက်အပံ့ပေးကာ ကွဲပြားအောင် ပြုလုပ်ပေးသောပုဒ်သည် (Adverb) ကြိယာဝိသေသနပုဒ် ဖြစ်ပါသည်။
ဥပမာ - slowly , quickly , here,  there

(go)ဆိုတဲ့(Verb-ကြိယာ)ဆိုရင် မကွဲပြားသေးဘူး။ (သွားတယ်။) သွားမှန်းတော့ သိပါတယ်။ ဒါပေမဲ့ (ဘယ်လိုသွားနေမှန်းမသိရပါ။)အဲဒီ (သွားတယ်)ဆိုတာ (ဖြည်းဖြည်းသွားသလား)(မြန်မြန်သွားသလား)(ပုံမှန်သွားသလား)ဆိုတာမသိနိုင်သေးပါ။အဲဒီ (သွားတယ်) ဆိုတာ(ဘယ်လိုသွားနေမှန်း) သိလာနိုင် အောင်ကွဲပြားလာနိုင်အောင်(Adverb)ကဆောင်ရွှက်ပေးတာပါ။ နာမူနာ - (go ) နဲ့ (go slowly ) နဲ့ မတူနိုင်သလို (go slowly) နဲ့ (go quickly)ဟာလည်း အဓိပ္ပါယ်ခြင်း မတူပါ။ အဲဒါတွေကို ကွဲပြားအောင် (Adverb) က ဆောင်ရွှက်ပေးတာပါ။


(6) Preposition (Prep) - ဝိဘက်/ညွန်ပြ
- နာမ်ရဲ့ တည်နေရာကို ညွှန်ပြပေးသော စကားလုံးများ ၊(Noun)ပုဒ်များနှင့်(Pronoun)ပုဒ်များတည်ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ်ပါ။ (သို့မဟုတ်) (Preposition) ဆိုတာက(Subject)ပုဒ်များတည်ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ်ပါ။

ဥပမာ - in , on , under , up , to , out , away , at

ဥပမာ -(I am at home. ငါအိမ်မှာရှိတယ်။) ဒီဝါကျမှာ (Subject)ပုဒ်ဖြစ်တဲ့(I)ရဲ့တည်ရှိရာကို(home)စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။ပြီးတော့(I)ရဲ့တည်ရှိရာကို(am) စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။(I)ရဲ့တည်ရှိရာကို(ညွန်ပြ)ပေးနိုင်တဲ့စကားလုံးက(at)ဆိုတဲ့စကားလုံးပဲရှိတယ်။ ဒီ(at)စကားလုံးက(Preposition)စကားလုံးပဲဖြစ်ပါတယ်။ 


(7) Conjunction (Conj) -စကားစပ်
- ဝါကျနှင့် စကားလုံးများ တစ်ခုနှင့်တစ်ခု ပေါင်းဆက်ပေးသော စကားလုံးများ ၊ ဝါကျတစ်ကြောင်းနှင့်တစ်ကြောင်း ပေါင်းစပ်လာအောင် ပြုလုပ်ဆောင်ရွှက်ပေးသောပုဒ်သည် (Conjunction)  စကားဆက်ပုဒ်ဟုခေါ်ပါသည်။
ဥပမာ -  why.ဘာကြောင့်လဲ။  where. ဘယ်မှာလဲ။  When.ဘယ်အချိန်လဲ။သောအခါ  How. ဘယ်လိုလဲ။what.ဘာလဲ။  who.ဘယ်သူလဲ။ but. ဒါပေမဲ့ so. ဒါကြောင့် and. ပြီးတော့၊နှင့်

ဥပမာ = (I go. ငါသွားတယ်။)ဆိုတာ (ဝါကျ)တစ်ကြောင်းပါ။ (I come back. ငါပြန်လာတယ်။)ဆိုတာ (ဝါကျ)တစ်ကြောင်းပါ။ သူတို့နှစ်ကြောင်းဟာ တစ်ကြောင်းနဲ့တစ်ကြောင်း မပေါင်းစပ်သေးပါဘူး။ ဒီ (I go.ငါသွားတယ်။) နဲ့ (I come back. ငါပြန်လာတယ်။) ဆိုတဲ့ (ဝါကျ)နှစ်ကြောင်းကိုတစ်ကြောင်းတည်းဖြစ်သွားအောင်ပြုလုပ်ဖို့အတွက် (Conjunction)(စကားဆက်)ပုဒ်လိုပါတယ်။သူတို့နှစ်ကြောင်းကို (and) (ပြီးတော့) ဆိုတဲ့ (စကားစပ်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်မယ်။ ( I go and I come back.ငါသွားတယ် ပြီးတော့ ငါပြန်လာတယ်။) သူတို့နှစ်ကြောာင်းကို (and) (ပြီးတော့) ဆိုတဲ့ (စကားစပ်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်တဲ့အခါမှာ (ဝါကျ) တစ်ကြောင်းထဲဖြစ်သွားပါပြီ။

I go so I arrive there. ငါသွားတယ် ဒါကြောင့် ငါအဲဒီကိုရောက်ရှိတယ်။

I go but I don't arrive there. ငါသွားတယ် ဒါပေမဲ့ ငါအဲဒီကိုရောက်ဘူး။


(8) Interjection(Inter) { ! } - အာမေဋိတ်
- ရုတ်တရက်(တ) သော အသံ ပါတဲ့ စကားလုံးများ ၊ တုံလှုပ်စေခြင်း အစရှိသည်ဖြင့် ဆောင်ရွှက်ပေးသောပုဒ်သည် (Interjection)အာမေဍိတ် ဟု ခေါ်ပါသည်။
-Interjection)(အာမေဍိတ်)ဆိုတာက မိမိ(တ)တဲ့အသံပေါ်မှာပဲမူတည်တာပါ။လူတစ်ဦးနဲ့တစ်ဦးဟာ (တ)တာချင်း မတူပါ။ ဥပမာ = မိမိက လမ်းလျှောက်သွားနေစဉ် ရုတ်တရက် မထင်မှတ်ပဲ ခလုတ်တိုက်မိသွားတယ်ဆိုရင်၊ ဘယ်လို(တ)တတ်ကြသလဲ။ တစ်ချို့က (ဘုရားရေ)လို့(တ)ကြတယ်။ တစ်ချို့က (အမလေး)လို့(တ) ကြတယ်။ တစ်ချို့က (အမေရေ)လို့(တ) ကြတယ်။ တစ်ချို့က (ကယ်ပါဦး)လို့(တ)ကြတယ်။ တစ်ချို့က (ဘုရား။ ဘုရား။)လို့(တ) ကြတယ်။ တစ်ချို့က (အ)လို့(တ)ကြတယ်။ တစ်ချို့က (နာလိုက်တာ)လို့(တ)ကြတယ်။ အဲဒီတော့ မိမိ(တ)တဲ့အသံဟာ (Interjection) (အာမေဍိတ်) အသံပါပဲ။ ဒီ (Interjection) အာမေဋိတ် ဆိုတဲ့ စကား ကို စာအဖြစ်ဖြင့် ရေးလိုက်တိုင်းမှာ ဒီ { ! } (Exclamation) (အဲက်စ်လန်မေးရှင်း) (အိုင်မောက်ခုန်) ဆိုတဲ့ အမှတ်သား(သင်္ဂေတ)လေးနဲ့ အမြဲထည့်ရေးပြပေးရတယ်နော်။

ဥပမာ - haha! Oh! Yeah! Great!

အခုကတော့ ဒီလောက်ပါပဲဲနော် လေ့လာရင်း တင်ပေးတာဆိုတော့ လိုအပ်ချက်များလည်းရှိပါတယ် ။ ဝေဖန် ထောက်ပြလို့ရပါတယ် ။ internet ပေါ််တွင် ပညာရှင်အသီးသီး blog အသီးသီးမှ လေ့လာထားတာကို မှတ်တမ်းအနေနဲ့ရော ၊ ကိုယ်လိုလေ့လာချင်သူတွေပါ အဆင်ပြေအောင် တင်ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

Thursday, July 8, 2021

မေတ္တသုတ်ပါဋ္ဌိ အဓိပ္ပာယ်

၁။ ယဿနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ 
    ယမှိ စေဝါ နုယုဉ္စန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။ 
၁။ တစ္ဆေသူရဲ ဘီလူးများမခြောက်ဝံ့အောင် 
စွမ်းအားထက်လှသော မေတ္တသုတ်ပရိတ်တော်ကို  နေ့ရော ညဉ့်ပါရွတ်ဆိုခြင်းဖြင့် - 
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံကိဉ္စိ န ပဿတိ။ 
    ဧဝမာဒိဂုဏုပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။ 
၂။ ၁ - ချမ်းသာစွာအိပ်ရခြင်း ၊ 
    ၂ - အိမ်မက်ဆိုးများမမက်ရခြင်း စသော အကျိုးများရရှိနိုင်ပါသည်။ အိုသူတော်ကောင်းအပေါင်းတို့ အထက်ပါ ကျေးဇူးဂုဏ်နှင့်ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကိုရွတ်ဆိုကြပါကုန်စို့။ 
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ 
    သက္ကော ဥဇု စ သုဟုဇူစ၊ သုဝစော စဿ မုဒု အနတိမာနိ။ 
၃။ လောကီလောကုတ္တရာနှစ်ဖြာ အကျိုးစီးပွား၌ တတ်သိလိမ္မာပညာရှိသူတော်ကောင်းများသည် မေတ္တာမပွားမီ  အောက်ပါသူတော်ကောင်းကျင့်စဉ်များကို လိုက်နာကျင့်သုံးရပေမည်။ 
၁ - ကုသိုလ်ကောင်းမှုပြုလုပ်ရန် စွမ်းဆောင်နိုင်သူဖြစ်ရမည် ၊ 
၂ - ကိုယ်စိတ်နှစ်ပါးရိုးသားဖြောင့်မှန်သူ ဖြစ်ရမည် ၊ 
၃ - စိတ်သဘောထား အထူးဖြောင့်မှန်သူဖြစ်ရမည် ၊ 
၄ - မှန်ကန်သော စကားရှိသူဖြစ်ရမည် ၊ 
၅ - စိတ်နှလုံး နူးညံ့သိမ်မွေ့သူ ဖြစ်ရမည် ၊ 
၆ - မာန်ကင်းသူ ဖြစ်ရမည်။ 
၄။ သန္တုဿကော စ သုဘရော စ၊ 
    အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ 
   သန္တိန္ဒြိယော စ နိပကောစ၊ 
   အပ္ပဂဗ္ဘော ကုလေသွ၊ နနုဝိဒ္ဓေါ။ 
၄။ ၇ - ရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သူဖြစ်ရမည် ၊ 
     ၈ - အစားအစာ ထွေရာမများသူ ဖြစ်ရမည်၊ 
     ၉ - အလုပ်ကိစ္စနည်းသူ ဖြစ်ရမည်၊ 
   ၁၀ - အသက်မွေးလွယ်ကူသူ ဖြစ်ရမည်၊ 
   ၁၁ - က္ကန္ဒြေသိက္ခာရှိသူ ဖြစ်ရမည်၊ 
   ၁၂ - ရင့်ကျက်သော အသိပညာနှင့် ပြည့်စုံသူ ဖြစ်ရမည်၊ 
   ၁၃ - မကြမ်းတမ်း မခက်ထန်သူ ဖြစ်ရမည်၊ 
   ၁၄ - ဆွေမျိုး ( ဒကာ - ဒကာမ )များ၌ မတွယ်တာသူဖြစ်ရမည်။ 
၅။ န စ ခုဒ္ဒ၊ မာစရေ ကိဉ္စိ၊ 
    ယေန ဝိညူပရေ ဥပဝဒေယျုံ။ 
    သုခိနော ဝ ခေမိနော ဟောန္တု၊ 
    သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 
၅။ ၁၅ - အကျင့်ယုတ်ကိုလွှင့်ထုတ်သူဖြစ်ရမည်။ အထက်ပါကျင့်ဝတ် ၁၅ ပါးနှင့် 
    ပြည့်စုံပြီးနောက် မေတ္တာပွားရမည်။ 
 ၆။ ယေ ကေစိ ပါဏဘူတ္တိ၊ 
     တသာဝါ ထာဝရာဝ၊ နဝသေသာ။ 
     ဒီဃာ ဝါယေဝ မဟန္တာ၊ 
     မဇ္ဈိမာ ရဿကာ အနုကထူလာ။ 
၆။ ၁ - အားလုံးသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၂ - သက်ရှိသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၃ - ကြောက်တတ်သတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၄ - တည်ငြိမ်သတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
   ၅ - ကိုယ်ရှည်ခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၆ - ကိုယ်တိုခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၇ - မရှည်မတို ကိုယ်ရှိခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၈ - ကိုယ်ကြီးခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
   ၉ - ကိုယ်သေးခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ၊ 
 ၁၀ - မကြီးမငယ် အလယ်ခန္ဓာ သတ္တဝါချမ်းသာကြပါစေ၊ 
 ၁၁ - ဝသောခန္ဓာသတ္တဝါ ချမ်းသာကြပါစေ၊ 
 ၁၂ - ပိန်ကြုံခန္ဓာသတ္တဝါ ချမ်းသာကြပါစေ၊ 
 ၁၃ - မပိန်မဝ ရကြခန္ဓာသတ္တဝါ ချမ်းသာကြပါစေ။
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ 
    ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ 
    ဘူတာဝ သမ္ဘဝေသီဝ၊ 
    သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 
၇။ ၁၄ - မြင်ရသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၁၅ - မမြင်ရပါ သတ္တဝါ ချမ်းသာကြပါစေ၊ 
    ၁၆ - ရပ်ဝေးနေရှာ သတ္တဝါ ချမ်းသာကြပါစေ၊ 
    ၁၇ - ရပ်နီးနေပါ သတ္တဝါ ချမ်းသာကြပါစေ၊ 
    ၁၈ - ဖြစ်ပြီးသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၁၉ - ဖြစ်ဆဲသတ္တဝါ ဝေနေယျာ ချမ်းသာကြပါစေ၊ 
    ၂၀ - သတ္တဝါချင်းချင်း မေတ္တာနှင်း၍ စိတ်ရင်းမလှန် မျက်မပြန်သည်းခံနိုင်ပါစေ၊ 
    ၂၁ - သတ္တဝါချင်းချင်း မညှဉ်းဆဲပဲ အမြဲဂရု အလေးပြု ကျိုးစုဆောင်ပါစေ။ 
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ 
    နာတိမညေထ ကတ္ထစိ န ကိဉ္စိ။ 
   ဗျာရောသနာ ပဋိဃသည၊ 
   နာညမညဿ ဒုက္ခ မိစ္ဆေယျ။ 
၈။ ၂၂ - သတ္တဝါအချင်းချင်း ရန်ငြိုးကင်း ချစ်ခြင်းမေတ္တာရှိပါစေ၊ 
    ၂၃ - သတ္တဝါ အချင်းချင်း လေးစားရင်း မြဲတင်းရှိပါစေ၊ 
    ၂၄ - သတ္တဝါအချင်းချင်း မေတ္တာနှင်း၍ ဆင်းရဲဒုက္ခ မပေးကြ သုခဆောင်ပါစေ၊ 
    ၂၅ - အများသတ္တဝါ ချင်းချင်းသာ မေတ္တာပွားနိုင်ပါစေ၊ 
၉။ မာတာ ယထာ နိယံ ပုတ္တ၊ 
    မာယုသာ ဧကပုတ္တ မနုရက္ခေ။
    ဧဝမ္ပိ သဗ္ဗ ဘူတေသု၊ 
    မာနသံ ဘာဝယေ အပရိမာဏံ။ 
၉။ တစ်ယောက်သားရှင် သူ့မိခင်က ချစ်ကျင်သူ့သား မေတ္တာထားသို့ အများသတ္တဝါ စူးစိုက်ခါဖြင့်
   မေတ္တာရည်မျှို့ပို့ပါဘိလော။ 
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ ံ ၊ 
   မာနသံ ဘာဝယေ အပရိမာဏံ။
   ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ 
   အသမ္ဗာဓံ အဝေရ မသပတ္တံ။ 
၁၀။ တလောကလုံး မေတ္တာဖုံးအောင် ကျယ်ကျယ်ပြန့်ပြန့် မေတ္တာပို့ပါ။ အောက်ထက်ဖီလာ မျက်နှာအားလုံး ပြန့်နှံ့အောင် ရန်သူမိတ်ဆွေ နှစ်ထွေခွဲခြား မထားပဲ မေတ္တာပို့ပါ။ 
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
   သယောနော ယာဝတာဿ ဝိတမိဒေါ္ဓ၊
   ဧတံ သတိ ံ အဓိဋ္ဌေယျ၊ 
ဗြဟ္မမေတံ ဝိဟာရမိဓ မာဟု။ 
၁၁။ မေတ္တာပို့ရန် အချိန်အခါမှာ အထူးကန့်သတ်ချက်မရှိပါ။ အိပ်ပျော်ချိန်မှတစ်ပါး ကျန်သောအချိန်များသည်  
မေတ္တာပို့ချိန်ဖြစ်ပါသည်။ တကယ်တမ်း မေတ္တာပို့နေသော သူတော်ကောင်းကို ဗြဟ္မဝိဟာရ 
 မြင့်မြတ်စွာနေထိုင်သူ ဟု ဘုရားမြတ်စွာချီးကျူးတော်မူပါသည်။ 
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ 
သီလဝါ ဒဿနေန သမ္ပန္နော။ 
ကာမေသု ဝိနယဂေဓံ၊ 
နဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုနရေတိ။ 
၁၂။ တကယ်တမ်း မေတ္တာပို့နေသူသည် ကလျာဏ ပုထုဇဉ်ကနေ စူဋ္ဌသောတာပန်၊ မဟာသောတာပန်၊ 
သက္ကဒါဂါမ် ၊ အနာဂါမ်အထိ ဖြစ်နိုင်ပါသည်။ 
မေတ္တသုတ် မြန်မာပြန်ပြီး၏။

Saturday, July 3, 2021

Task Manager Part(2)

အရင်အပတ်က Task Manager နဲ့ပတ်သတ်လို့ တချို့ကို ရေးထားခဲ့ပီးပါပီ 
part(1) ကိုဖတ်ချင်ရင် အခု link မှာ ဖတ်ပေးနော် 👉👉👉 Task Manager Part(1)

အခု part(2) လေး ဆက်ပြောပြမယ်နော်

Performance Tab

Performance Tab အောက်မှာဆိုရင် ကွန်ပျူတာမှာ တပ်ဆင်ထားသည့် CPU , Memory , Disk , Wifi , GPU(graphic ပါလျှင်) တို့ ဘယ်လောက် အလုပ်များနေလဲဆိုတာကို စစ်ဆေးကြည့်ရှု့နိုင်ပါတယ်။ 
သူရဲ့ graph လေးမှာ အနှိမ့်အမြင့်လေးတွေနဲ့ သုံးတဲ့ ပမာဏကို ကြည့်ရှု့နိုင်ပါတယ်။ 

computer သုံးရတာ နှေးလာတယ် usage တွေကလည်းတစ်သက်မှတ်တည်း တစ်ဝက်ကျော်လာရင် application တွေ ပိတ်ပစ်တာ (သို့ ) memory ထပ်တိုးတာတွေ လုပ်နိုင်ပါတယ် ။ 

Start Up Tab

Start up tab မှာဆို computer ဖွင့်တာနဲ့ စ run နေတဲ့ program တွေကို ဖော်ပြပေးတာပါ။ Status မှာက computer ဖွင့်တာနဲ့ စ run မယ်ဆို enable ဖြစ်နေပီး ၊ စ မrun တဲ့ ဟာတွေကို disable ပြထားတာပါ။ ကိုယ်ဟာ တချို့ program တွေကို computer ဖွင့်တာနဲ့ မ run ချင်တာပဲ ဖြစ်ဖြစ် ၊ run ချင်တာပဲဖြစ်ဖြစ် ကိုယ်ပြောင်းချင်တဲ့ program ကို click နှိပ်ပီး ညာဘက် အောက်မှာ လင်းလာမယ့် enable , disable နှိပ်ပေးလို့ရပါတယ်။ 

 အားလုံးပဲ အဆင်ပြေကြပါစေရှင့်
#STZ


Saturday, June 26, 2021

Task Manager Part(1)

Task Manager သည် ကွန်ပျူတာတွင် ဖွင့်ထားသော program များနှင့် run နေသော process တို့၏ information များကို အသေးစိတ်ဖော်ပြနိုင်သော tool တစ်ခုပင်ဖြစ်ပါတယ်။ဒါ့အပြင် hang နေသော program တို့ကို ပိတ်ပစ်နိုင်ခြင်း ၊ memory processor တို့၏ usage များကို graph ဖြင့် ဖော်ပြထားခြင်း ၊ ဘယ် processor ကြောင့် ကွန်ပျူတာ၏ လုပ်ဆောင်နိုင်မှု နှေးကွေးနေသလဲဆိုတာမျိုးကို ခန့်မှန်းတွက်ချက်နိုင်ခြင်း အစရှိသည်တို့ကြောင့် troubleshooting အတွက်ပါ လွန်စွာ အသုံးတည့်သော tool တစ်ခုလည်းဖြစ်ပါသည်။


Task Mangaer ကို taskbar မှ right click နှိပ်ပီး task manager
                                        (or)
Ctrl + Alt + Delete တွဲနှိပ်ပီး task manager ဆိုပီးလည်း ဖွင့်လို့ရပါတယ် 

Task Manager ဖွင့်လိုက်တဲ့အခါ tab 7ခု တွေ့ရပါတယ် ။ 
process နဲ့ performance tab တွေက ကွန်ပျူတာစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် troubleshooting အတွက် အများဆုံး အသုံးပြုကြပါတယ်။

  • Process

Process အောက်က App မှာ လက်ရှိဖွင့်ထားတဲ့ program တွေရဲ့ list တွေကို ဖော်ပြပေးပါတယ်။ program ‌တစ်ခု ဘယ်အခြေအနေမှာရှိနေလဲဆိုတာ status မှာ 'running' နှင့် 'not responding' ဆိုပီး ဖော်ပြပါတယ်။


program တစ်ခု ကွန်ပျူတာ လုပ်‌ဆောင်ချက်မှာ keyboard , mouse တွေနဲ့ ဘာမှ လုပ်မရတော့ဘူးဆိုပီး task manager ကနေ အဲ့ program ကို ပိတ်လို့ရပါတယ်။
task manager ကနေ ပိတ်ချင်တဲ့ program ကို click နှိပ်ပီး အောက်က end task လေးလင်းလာရင် click နှိပ်ပီးပိတ်လိုက်လို့ရပါတယ်။ 

အဲ့လိုမှ မဟုတ်ရင် ပိတ်ချင်တဲ့ program ကို right click နှိပ် အဲ့မှာဆို end task တင်မဟုတ်ဘဲ program တစ်ခုကို လုပ်ဆောင်လို့ရတာတွေ ရှိပါတယ်။ အဲ့ကနေလည်း လုပ်ဆောင်လို့ရပါတယ်။ 


process မှာ run နေတဲ့ application များပေါ်မူတည်ပြီး computer တွေရဲ့ လုပ်ဆောင်မှု့တွေ ကွာသွားမှာပါ။ process တစ်ခု တိုးလာတိုင်း ကွန်ပျူတာရဲ့ လုပ်ဆောင်မှု့မြန်နှုံးကို အနည်းငယ် ကျဆင်းသွားစေနိုင်ပါတယ်။ 
computer မှာ CPU usage တွေများပြီး အသုံးပြုရတာ ကျဆင်းလာရင် ဘယ် program က ဖြစ်တာလဲဆို task manager မှာ ကြည့်ပီး ၄င်း process ကိုပိတ်ခြင်းဖြင့် ပုံမှန်အတိုင်း ပြန်သုံးလို့ရပါတယ်။
ဒါ့အပြင် မိမိကွန်ပျူတာမှာ virus ရှိမရှိနှ၍့် အခြားမလိုလားအပ်သော program များ နောက်ကွယ်မှာ run နေခြင်းရှိမရှိဆိုတာကိုလည်း process tab မှာ စစ်ဆေးနိုင်ပါတယ်။ virus ဟုတ်မဟုတ်ဆိုတာ‌ကတော့ ကွန်ပျူတာအများစုမှာ ပုံမှန်တွေ့ရလေ့ရှိတဲ့ process အမည်များနှင့် ရင်းနှီးကျွမ်းဝင်ထားဖို့လိုပါလိမ့်မယ်။

task manager အကြောင်း အခုတော့ ဒီလောက်ပဲနော် နောက်ထပ် post တွေ ထပ်တင်ပေးပါ့မယ်။ အဆင်ပြေကြပါစေ။

part(2)ကို ဒီ link မှာ ဖတ်ပေးနော် 👉👉👉 Task Manager Part(2)
#STZ

Wednesday, January 20, 2021




▪️အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ မိမိတို့ Hard Disk တွေ၊ USB Device တွေမှာ Format ချမိတဲ့ Data တွေကို  ဘယ်လိုပြန်ရှာရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတလ်.... 
▪️ဒီတစ်ခေါက်မှာတော့ EaseUS Data Recovery Software နဲ့ရှာပုံရှာနည်းလေးကို အဆင့်ဆင့် ရှင်းပြထားပေးပါတလ်။
▪️EaseUS Data Recovery နဲ့ Format ချမိတဲ့ Data တွေကို ပြန်ရှာဖို့အတွက် 
1️⃣ Choose the drive to scan
2️⃣ Preview 
3️⃣ Recover Data ဆိုပီး အဆင့် (၃) ဆင့် ရှိပါတလ်။
Recover လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓
✅ ကိုယ့် Data Size ပေါ်မူတည်ပီးတော့ Backup ပြန်လုပ်မယ့် Drive တစ်ခုလိုအပ်ပါမလ်။ 
(ဥပမာ- ကိုယ်ပြန်ယူရမယ့် Data တွေက 300GB လောက်ရှိတလ်ဆိုရင် Recover ပြန်လုပ်မယ့် Drive က အဲ့ဒါထက် ပိုများမှပဲ ရပါမလ်)
✅ EaseUs Data Recovery Software ကို Download ဆွဲထားဖို့ လိုပါမလ်။ 
Dwonload Link ကို အောက်မှာ ဖော်ပြပေးထားပါတလ်....
http://www.mediafire.com/.../EaseUS.Data.Recovery.../file
✅ နောက်တစ်ခုကတော့ ကွန်ပျူတာတစ်လုံးလိုပါမလ်.. 
⚠️ ကိုယ် Recover Process လုပ်နေတုန်းမှာ တစ်ခြား Software/ Application တွေ မသုံးတာ အကောင်းဆုံးပါပဲ.. 
(လုံးဝ သုံးလို့ မရဘူးတော့ မဟုတ်ပါဘူး)
ကဲ... ဒါဆိုရင် စလိုက်ကြရအောင်..

𝐒𝐭𝐞𝐩 𝟏 - 𝐂𝐡𝐨𝐨𝐬𝐞 𝐭𝐡𝐞 𝐩𝐚𝐫𝐭𝐢𝐭𝐢𝐨𝐧
•••••••••••••••••••••••••••••••••••••••••
EaseUs Data Recovery Software ကို Install လုပ်ပီး ဖွင့်လိုက်တဲ့အခါ ပုံမှာ တွေ့ရတဲ့အတိုင်း Partition တွေကို မြင်ရမှာပဲ ဖြစ်ပါတလ်... ကိုယ်စစ်ချင်တဲ့ Partition ကို Select မှတ်ပီးတော့ Scan ဆိုတာကို နှိပ်လိုက်ပါ။
𝐒𝐭𝐞𝐩 𝟐 - 𝐒𝐞𝐥𝐞𝐜𝐭 𝐰𝐚𝐧𝐭𝐞𝐝 𝐟𝐢𝐥𝐞𝐬
••••••••••••••••••••••••••••••••••••••
Scan စစ်တာပီးသွားပီးဆိုရင်တော့ ဘယ်ဖက်ကနေရာမှာ Lost File, Delete File ဆိုတာတွေကို တွေ့ရမှာပါ။ အဲ့ဒီထဲမှာ ကိုယ်ရှာချင်တဲ့ File တွေကို တစ်ခုချင်းဆီ လိုက်နှိပ်ရှာလို့ ရသလို အပေါ်နားက Filter Tab လေးကို နှိပ်ပီးတော့လည်း File Type သီးသန့်ရှာလို့ရပါတယ် ။

𝐒𝐭𝐞𝐩 𝟑 - 𝐑𝐞𝐜𝐨𝐯𝐞𝐫 𝐟𝐢𝐥𝐞𝐬 𝐭𝐨 𝐚 𝐬𝐞𝐜𝐮𝐫𝐞 𝐥𝐨𝐜𝐚𝐭𝐢𝐨𝐧
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ရဲ့ Data တွေ တွေ့ပီးဆိုရင်တော့ Select မှတ်ပီး Recover ဆိုတာကို နှိပ်လိုက်ပါမလ်။ ပီးတော့ ကိုယ်သိမ်းချင်တဲ့နေရာ ကို ရွေးပေးလိုက်ရင် ပီးပါပီ။
(အကောင်းဆုံးက နောက်ထပ် Drive တစ်ခုမှာ Recover လုပ်လို့ရတဲ့ Files တွေကို သိမ်းတာ အကောင်းဆုံးပါပဲ)
ဒီအဆင့်တွေပီးသွားပီဆိုရင်တော့ ကိုယ့် Files တွေ အားလုံး ပြန်ရလာမှာ ဖြစ်ပါတယ်...

Credt....